COVID-19 ကြောင့် Apple ဟာ တရုတ် ပြည်မကြီးကလွဲပြီး တစ်ကမ္ဘာလုံးက စတိုးတွေကို ပိတ်ခဲ့ရပါတယ်။ အခုတော့ ဗိုင်းရက်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့ နိုင်ငံတွေမှာ Apple က စတိုးတွေ ပြန်ဖွင့်တော့မှာ ဖြစ်ပြီး ဥရောပမှာ ပထမဆုံး ပြန်ဖွင့်မယ့် စတိုးဟာ ဩစတြီးယားနိုင်ငံ ဗီယင်နာက ဖြစ်ပါတယ်။

Apple CEO Tim Cook က ဩစတြီးယားနဲ့ ဩစတြေးလျ နိုင်ငံတွေမှာ မကြာခင် စတိုးတွေ ပြန်ဖွင့်မယ်လို့ အတည်ပြုထားပေမယ့် အချိန်အတိအကျကို မပြောသေးပါဘူး။ ဒါပေမယ့် Heute က မေလ ၅ ရက်နေ့မှာ စတိုး ပြန်ဖွင့်မယ်လို့ သတင်းပေးထားပါတယ်။

ဗိုင်းရက်စ် ကူးစက်နိုင်တဲ့အတွက် မြေပြင်စတိုးတွေ ဖွင့်တဲ့အခါမှာ  ကြိုတင်စီစဉ်ရတာတွေ ရှိပါတယ်။ စတိုးကို လူတွေ လည်ပတ်တဲ့အခါ၊ ထုတ်ကုန်တွေကို ကိုင်တွယ် သရုပ်ပြသတဲ့အခါတွေမှာ ဗိုင်းရက်စ် ကူးစက်နိုင်ပါတယ်။ စတိုးတွေမှာ မကြာခဏ ပိုးသတ်တာ၊ စတိုးထဲ လူဝင်တဲ့ အရေအတွက် ကန့်သတ်တာတွေကို မဖြစ်မနေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Apple ဟာ စားသုံးသူတွေကို အွန်လိုင်းကနေပဲ ဈေးဝယ်ကြဖို့နဲ့ မြေပြင်စတိုးတွေမှာ ဝန်ဆောင်မှုတွေ ရယူဖို့ တိုက်တွန်းထားပါတယ်။

Ref : gsmarena