Apple ဟာ ယခုနှစ်အတွင်းမှာ AirPods Pro 2 ကို မိတ်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Apple ဟာ AirPods Pro 2 အတွက် Stem မပါဝင်တော့တဲ့ Design အသစ်ကို အသုံးပြုလာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Apple ဟာ AirPods Pro 2 တွေကို ယခုနှစ်မှာ မိတ်ဆက်သွားဖို့ သေချာနေပေမယ့် Design ပိုင်းအရတော့ လက်ရှိ AirPods Pro Design ကိုပဲ ဆက်လက်အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါကြောင့် AirPods Pro 2 ကို Design ပြောင်းလဲဖို့မျှော်လင့်နေတဲ့သူတွေအတွက်ကတော့ စိတ်မကောင်းစရာပါ။

AirPods Pro 2 မှာ အဓိကပြောင်းလဲလာမယ့် Feature ကတော့ AirPods 3 မှာ စတင်ထည့်သွင်းထားတဲ့ Skin-detect Sensor ပါဝင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် နားထဲမှာထည့်ထား၊ မထားဆိုတာကို ပိုပြီးခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့ပြောင်းလဲမှုတွေအနေနဲ့ကတော့ AirPods Pro 2 ဟာ ပိုစွမ်းဆောင်နိုင်စွမ်းမြင့်မားတဲ့ Chip ကို အဆင့်မြှင့်တင်လာမှာဖြစ်ပြီး Active Noise Cancellation ပိုင်းမှာ ပိုကောင်းမှာဖြစ်သလို Battery Life ပိုင်းမှာလည်း တိုးတက်လာမှာပါ။ ဒါတင်မဟုတ်သေးဘဲ True Wireless Earbuds တွေထဲမှာ ပထမဆုံးအနေနဲ့ Hi-Res Codec ဖြစ်တဲ့ Apple Lossless Audio Codec (ALAC) ကိုပါ ထောက်ပံ့လာမယ်လို့ သိရပါတယ်။

Apple AirPods Pro 2 ဟာ လာမယ့် ၂၀၂၂ နှစ်ကုန်ပိုင်းမှာ စတင်ဝယ်ယူနိုင်မယ်လို့ သိရပြီးဖြစ်နိုင်ခြေများနေတာကတော့ iPhone 14 Series နဲ့အတူ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China