ေနာက္လမွာ နင္တန္းဒိုးေပၚေရာက္လာမယ့္ Arena of Valor မုိဘုိင္းဂိမ္း

၂၀၁၇ ခုႏွစ္ဟာ မုိဘုိင္းဖုန္းေတြအတြက္ေတာ့ MOBA ႏွစ္လို႔ ေခၚရေလာက္ေအာင္ Multiplayer Online Battle Arena အမ်ဳိးအစား ဂိမ္းေတြ အၾကီးအက်ယ္ ေခတ္စားခဲ့ပါတယ္။ Mobile Legends ကေန စတင္လုိက္တဲ့ တစ္ဖက္ကို ကစားသမား ငါးေယာက္စီ ပါဝင္တဲ့ အသင္းႏွစ္သင္းက တစ္ဖက္အသင္း စခန္းကို ဖ်က္ဆီးရတဲ့ 3 Corridor ပုံစံ ဂိမ္းေတြဟာ မုိဘုိင္းပလက္ေဖာင္းမွာ အလြန္လူၾကိဳက္မ်ားခဲ့တာပါ။

Arena of Valor ဟာ တရုတ္ႏုိင္ငံတြင္းမွာ လူၾကိဳက္အမ်ားဆုံး MOBA မုိဘုိင္းဂိမ္းျဖစ္ျပီး လြန္ခဲ့တဲ့ လအနည္းငယ္က ႏုိင္ငံတကာ ဗားရွင္း ထြက္လာခဲ့တယ္။ ထုတ္လုပ္သူက အၾကီးဆုံးဂိမ္းကုမၸဏီေတြထဲက တစ္ခုျဖစ္တဲ့ Tencent Games ပါ။

Arena of Valor ကို မၾကာေသးခင္က နင္တန္းဒိုး Switch ဂိမ္းစက္အတြက္ Closed ဘီတာ အစမ္းကာလ ဖြင့္ခဲ့ျပီး လာမယ့္ စက္တင္ဘာလမွာေတာ့ နင္တန္းဒိုးရဲ႕ ပလက္ေဖာင္းေပၚကို တရားဝင္ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ မုိဘုိင္းပလက္ေဖာင္းေပၚမွာလုိပဲ အခမဲ့ ရယူကစားႏုိင္မွာပါ။ ဒါေပမယ့္ ဟီးရုိးေတြနဲ႔ သူတုိ႔ရဲ႕ ဝတ္စုံ Skin ေတြကို ျမန္ျမန္လုိခ်င္ရင္ေတာ့ အျပင္ေငြနဲ႔ ဝယ္ရမွာ ျဖစ္ပါတယ္။

Switch ဗားရွင္းအတြက္ ပိုေကာင္းသြားတာက Global ဆာဗာ အသုံးျပဳမွာျဖစ္တဲ့အတြက္ တစ္ကမာၻလုံးက ကစားသူေတြနဲ႔ လြယ္လြယ္ကူကူ အတူကစားႏုိင္မွာပါ။ Switch ဂိမ္းစက္မွာပဲ ရႏုိင္တဲ့ Game Mode တစ္ခုလည္း ပါဝင္လာမွာျဖစ္ျပီး ဂိမ္းလက္ကုိင္ငယ္ကို လႊဲရမ္းျပီး ကစားႏုိင္တဲ့ Motion Sensor အေျခခံ Hook War Mode ျဖစ္ပါတယ္။

မုိဘုိင္းေပၚမွာ ကစားေနသလို Switch ေပၚကို ကုိယ့္ရဲ႕ ဂိမ္းထဲက အခ်က္အလက္ေတြ ေျပာင္းေရႊ႕ခ်င္တဲ့ သူေတြအတြက္လည္း Tencent က ၾကိဳတင္ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

Ref – https://www.engadget.com/2018/08/22/arena-of-valor-nintendo-switch-launch/

Unicode

နောက်လမှာ နင်တန်းဒိုးပေါ်ရောက်လာမယ့် Arena of Valor မိုဘိုင်းဂိမ်း

၂၀၁၇ ခုနှစ်ဟာ မိုဘိုင်းဖုန်းတွေအတွက်တော့ MOBA နှစ်လို့ ခေါ်ရလောက်အောင် Multiplayer Online Battle Arena အမျိုးအစား ဂိမ်းတွေ အကြီးအကျယ် ခေတ်စားခဲ့ပါတယ်။ Mobile Legends ကနေ စတင်လိုက်တဲ့ တစ်ဖက်ကို ကစားသမား ငါးယောက်စီ ပါဝင်တဲ့ အသင်းနှစ်သင်းက တစ်ဖက်အသင်း စခန်းကို ဖျက်ဆီးရတဲ့ 3 Corridor ပုံစံ ဂိမ်းတွေဟာ မိုဘိုင်းပလက်ဖောင်းမှာ အလွန်လူကြိုက်များခဲ့တာပါ။

Arena of Valor ဟာ တရုတ်နိုင်ငံတွင်းမှာ လူကြိုက်အများဆုံး MOBA မိုဘိုင်းဂိမ်းဖြစ်ပြီး လွန်ခဲ့တဲ့ လအနည်းငယ်က နိုင်ငံတကာ ဗားရှင်း ထွက်လာခဲ့တယ်။ ထုတ်လုပ်သူက အကြီးဆုံးဂိမ်းကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Tencent Games ပါ။

Arena of Valor ကို မကြာသေးခင်က နင်တန်းဒိုး Switch ဂိမ်းစက်အတွက် Closed ဘီတာ အစမ်းကာလ ဖွင့်ခဲ့ပြီး လာမယ့် စက်တင်ဘာလမှာတော့ နင်တန်းဒိုးရဲ့ ပလက်ဖောင်းပေါ်ကို တရားဝင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မိုဘိုင်းပလက်ဖောင်းပေါ်မှာလိုပဲ အခမဲ့ ရယူကစားနိုင်မှာပါ။ ဒါပေမယ့် ဟီးရိုးတွေနဲ့ သူတို့ရဲ့ ဝတ်စုံ Skin တွေကို မြန်မြန်လိုချင်ရင်တော့ အပြင်ငွေနဲ့ ဝယ်ရမှာ ဖြစ်ပါတယ်။

Switch ဗားရှင်းအတွက် ပိုကောင်းသွားတာက Global ဆာဗာ အသုံးပြုမှာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက ကစားသူတွေနဲ့ လွယ်လွယ်ကူကူ အတူကစားနိုင်မှာပါ။ Switch ဂိမ်းစက်မှာပဲ ရနိုင်တဲ့ Game Mode တစ်ခုလည်း ပါဝင်လာမှာဖြစ်ပြီး ဂိမ်းလက်ကိုင်ငယ်ကို လွှဲရမ်းပြီး ကစားနိုင်တဲ့ Motion Sensor အခြေခံ Hook War Mode ဖြစ်ပါတယ်။

မိုဘိုင်းပေါ်မှာ ကစားနေသလို Switch ပေါ်ကို ကိုယ့်ရဲ့ ဂိမ်းထဲက အချက်အလက်တွေ ပြောင်းရွှေ့ချင်တဲ့ သူတွေအတွက်လည်း Tencent က ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။