[Zawgyi]




Ref : gsmarena

[Unicode]

Redmi Note 7S နဲ့ Note 7 Pro ရဲ့ Astro White အရောင်ကို အိန္ဒိယမှာ ရောင်းချ

တရုတ်မှာ Redmi Note 7 ရဲ့ Mirror Flower Water လို့ နာမည်ပေးထားတဲ့ အဖြူရောင် မော်ဒယ်ကို ရောင်းချပေးထားပါတယ်။ အခုတော့ Redmi India က အဲဒီ အရောင်ကို မိတ်ဆက်လိုက်ပြီး Astro White လို့ နာမည်ပေးထားပါတယ်။ အိန္ဒိယမှာ Redmi Note 7 Pro နဲ့ Redmi Note 7S မော်ဒယ် ၂ ခုစလုံးအတွက် အဲဒီအရောင်ကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Redmi Note 7 Pro နဲ့ Redmi Note 7S မော်ဒယ် ၂ ခုစလုံးမှာ 48MP Camera ပါပြီး Specifications အများစုက တူညီကြပါတယ်။ ကွာခြားချက်က Redmi Note 7 Pro မှာ Snapdragon 675 Chipset နဲ့ Redmi Note 7S မှာ Snapdragon 660 Chipset တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဘက်ထရီက တူညီပြီး 4,000mAh Battery ဖြစ်ပါတယ်။ Android Pie အခြေပြု MIUI 10 မောင်းနှင်ထားပါတယ်။

Flipkart ကတော့ အဲဒီ မော်ဒယ်ကို ရောင်းဖို့ စာရင်း မတင်ထားသေးပါဘူး။ အဲဒီ ဖုန်းရဲ့ ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။ အဲဒီ ဖုန်းရဲ့ ဈေးနှုန်းဟာ တခြား မော်ဒယ်တွေနဲ့ တူညီမယ်လို့ ထင်ရပါတယ်။ လက်ရှိမှာ Redmi Note 7 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ရူပီး ၁၃,၉၉၉ (ဒေါ်လာ ၂၀၀) နဲ့ Redmi Note 7S ကို ရူပီး ၁၀,၉၉၉ (ဒေါ်လာ ၁၅၅) သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၀၀,၀၀၀ နဲ့ ၂၃၀,၀၀၀ လောက် ကျသင့်နိုင်ပါတယ်။

Ref : gsmarena