[Zawgyi]

၁၉၈၉ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တဲ့ ASUS ကုမၸဏီႀကီးဟာ အခုဆိုရင္ ႏွစ္ေပါင္း ၃၀ သက္တမ္းရွိသြားပါၿပီ။ ဒါ့ေၾကာင့္ ASUS အေနနဲ႔ သူတို႔ရဲ႕ ႏွစ္ ၃၀ျပည့္ အထိမ္းအမွတ္ပြဲေတာ္ႀကီးကို ထိုင္ဝမ္ႏိုင္ငံ၊ တိုင္ေပၿမိဳ႕မွာ က်င္းပေနတဲ့ Computex 2019 မွာ ထုတ္ကုန္အသစ္ေတြကို တပုံႀကီး မိတ္ဆက္ၿပီး က်င္းပသြားခဲ့ပါတယ္။

ASUS မိတ္ဆက္သြားခဲ့တဲ့အထဲမွာ ZenBook Duo, ZenBook Pro Duo, ScreenPad ပါတဲ့ ZenBook 13/14/15, ScreenPad ပါတဲ့ VivoBook S14/S15 နဲ႔ ZenBook Edition 30 တို႔ ပါဝင္လာပါတယ္။ ဒါ့အျပင္ Gaming ထုတ္ကုန္ေတြျဖစ္တဲ့ ROG Strix XG17, TUF Gaming Monitors, ROG Mothership GZ700, ROG Strix Scar III / Hero III , ROG Strix G531/G731 , ROG Zephyrus G GA502/ M GU502/ S GX502 နဲ႔ ROG Theta Flagship Headphones ေတြကိုလည္း မိတ္ဆက္ခဲ့ပါေသးတယ္။

ZenBook Duo, ZenBook Pro Duo
Display ၂ခု ပါတဲ့ Laptops ေတြ ျဖစ္ပါတယ္။ Stylus Pen လည္း အသုံးျပဳလို႔ ရတယ္လို႔ သိရပါတယ္။ ZenBook Duo က 14” FHD Display ကို 12.6”FHD ScreenPad Plus Display နဲ႔ တြဲေပးထားတာ ျဖစ္ၿပီး၊ ZenBook Pro Duo က 15.6” 4K UHD OLED Display ကို 14” 4K ScreenPad Plus Display နဲ႔ တြဲေပးထားတာ ျဖစ္ပါတယ္။ ZenBook Duo က Intel 9th Gen Core i7 CPU / Nvidia GeForce MX250 Graphic Card နဲ႔ ပြဲထြက္ခဲ့ၿပီး ZenBook Pro Duo က Intel 9th Gen Core i9 CPU / Nvidia GeForce RTX2060 Graphic Card နဲ႔ ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။

ZenBook 13/14/15
ေမာ္ဒယ္ ၃မ်ိဴးစလုံးဟာ TouchPad ေနရာကို ScreenPad အစားထိုးထားၾကတဲ့ Laptops ေတြ ျဖစ္ၾကပါတယ္။ ScreenPad က ဗားရွင္း 2.0 ျဖစ္သြားၿပီး၊ အ႐ြယ္အစားအားျဖင့္ သာမန္ TouchPad ေတြထက္ ပိုမိုႀကီးမားတာကို ေတြ႕ရပါတယ္။ ASUS ရဲ႕ ေျပာၾကားခ်က္မ်ားအရ ScreenPad 2.0 က Spotify နဲ႔ Evernote တို႔လိုမ်ိဴး Microsoft Store Applications ေတြကို ေထာက္ပံ့ေပးႏိုင္တယ္လို႔ သိရပါတယ္။ ေမာ္ဒယ္ ၃မ်ိဴးစလုံးမွာ Intel ရဲ႕ 9th Gen Processors ေတြကိုပဲ အသုံးျပဳထားတယ္လို႔ သိရပါတယ္။

VivoBook S14/S15
ZenBook ေမာ္ဒယ္ေတြလိုမ်ိဴး SceenPad 2.0 ပါဝင္တဲ့ Portable Notebooks အမ်ိဴးအစားေတြ ျဖစ္ၾကပါတယ္။ Wi-Fi 6 နဲ႔ Infrared Camera ေတြကို ေထာက္ပံ့ေပးထားၿပီး NanoEdge Display နည္းပညာကို အသုံးျပဳထားၾကပါတယ္။ S14 ရဲ႕ အေလးခ်ိန္က 1.4kg သာရွိၿပီး S15 ရဲ႕ အေလးခ်ိန္က 1.8kg သာ ရွိပါတယ္။ Processor အပိုင္းအတြက္ကိုေတာ့ Intel ရဲ႕ 8th Gen CPUs ေတြကိုသာ အသုံးျပဳထားတယ္လို႔ သိရပါတယ္။

ZenBook Edition 30
ASUS က ႏွစ္ ၃၀ျပည့္ အထိမ္းအမွတ္အေနနဲ႔ အထူးျပဳလုပ္ထားတဲ့ ေမာ္ဒယ္ပါ။ Leather နဲ႔ ဖုံးအုပ္ထားၿပီး ၁၈ကာရက္ရွိတဲ့ ေ႐ႊကို Lid ေပၚက ႏွစ္ ၃၀ျပည့္ အမွတ္တံဆိပ္အတြက္ အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ZenBook Edition 30 ကို Intel Core i5 8265U CPU အသုံးျပဳ ေမာ္ဒယ္နဲ႔ Intel Core i7 8565U CPU အသုံးျပဳ ေမာ္ဒယ္ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားပါတယ္။

[Unicode]

Computex 2019 မှာ ASUS မိတ်ဆက်သွားတဲ့ ထုတ်ကုန်များ

၁၉၈၉ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ASUS ကုမ္ပဏီကြီးဟာ အခုဆိုရင် နှစ်ပေါင်း ၃၀ သက်တမ်းရှိသွားပါပြီ။ ဒါ့ကြောင့် ASUS အနေနဲ့ သူတို့ရဲ့ နှစ် ၃၀ပြည့် အထိမ်းအမှတ်ပွဲတော်ကြီးကို ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ ကျင်းပနေတဲ့ Computex 2019 မှာ ထုတ်ကုန်အသစ်တွေကို တပုံကြီး မိတ်ဆက်ပြီး ကျင်းပသွားခဲ့ပါတယ်။

ASUS မိတ်ဆက်သွားခဲ့တဲ့အထဲမှာ ZenBook Duo, ZenBook Pro Duo, ScreenPad ပါတဲ့ ZenBook 13/14/15, ScreenPad ပါတဲ့ VivoBook S14/S15 နဲ့ ZenBook Edition 30 တို့ ပါဝင်လာပါတယ်။ ဒါ့အပြင် Gaming ထုတ်ကုန်တွေဖြစ်တဲ့ ROG Strix XG17, TUF Gaming Monitors, ROG Mothership GZ700, ROG Strix Scar III / Hero III , ROG Strix G531/G731 , ROG Zephyrus G GA502/ M GU502/ S GX502 နဲ့ ROG Theta Flagship Headphones တွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

ZenBook Duo, ZenBook Pro Duo
Display ၂ခု ပါတဲ့ Laptops တွေ ဖြစ်ပါတယ်။ Stylus Pen လည်း အသုံးပြုလို့ ရတယ်လို့ သိရပါတယ်။ ZenBook Duo က 14” FHD Display ကို 12.6”FHD ScreenPad Plus Display နဲ့ တွဲပေးထားတာ ဖြစ်ပြီး၊ ZenBook Pro Duo က 15.6” 4K UHD OLED Display ကို 14” 4K ScreenPad Plus Display နဲ့ တွဲပေးထားတာ ဖြစ်ပါတယ်။ ZenBook Duo က Intel 9th Gen Core i7 CPU / Nvidia GeForce MX250 Graphic Card နဲ့ ပွဲထွက်ခဲ့ပြီး ZenBook Pro Duo က Intel 9th Gen Core i9 CPU / Nvidia GeForce RTX2060 Graphic Card နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ZenBook 13/14/15
မော်ဒယ် ၃မျိူးစလုံးဟာ TouchPad နေရာကို ScreenPad အစားထိုးထားကြတဲ့ Laptops တွေ ဖြစ်ကြပါတယ်။ ScreenPad က ဗားရှင်း 2.0 ဖြစ်သွားပြီး၊ အရွယ်အစားအားဖြင့် သာမန် TouchPad တွေထက် ပိုမိုကြီးမားတာကို တွေ့ရပါတယ်။ ASUS ရဲ့ ပြောကြားချက်များအရ ScreenPad 2.0 က Spotify နဲ့ Evernote တို့လိုမျိူး Microsoft Store Applications တွေကို ထောက်ပံ့ပေးနိုင်တယ်လို့ သိရပါတယ်။ မော်ဒယ် ၃မျိူးစလုံးမှာ Intel ရဲ့ 9th Gen Processors တွေကိုပဲ အသုံးပြုထားတယ်လို့ သိရပါတယ်။

VivoBook S14/S15
ZenBook မော်ဒယ်တွေလိုမျိူး SceenPad 2.0 ပါဝင်တဲ့ Portable Notebooks အမျိူးအစားတွေ ဖြစ်ကြပါတယ်။ Wi-Fi 6 နဲ့ Infrared Camera တွေကို ထောက်ပံ့ပေးထားပြီး NanoEdge Display နည်းပညာကို အသုံးပြုထားကြပါတယ်။ S14 ရဲ့ အလေးချိန်က 1.4kg သာရှိပြီး S15 ရဲ့ အလေးချိန်က 1.8kg သာ ရှိပါတယ်။ Processor အပိုင်းအတွက်ကိုတော့ Intel ရဲ့ 8th Gen CPUs တွေကိုသာ အသုံးပြုထားတယ်လို့ သိရပါတယ်။

ZenBook Edition 30
ASUS က နှစ် ၃၀ပြည့် အထိမ်းအမှတ်အနေနဲ့ အထူးပြုလုပ်ထားတဲ့ မော်ဒယ်ပါ။ Leather နဲ့ ဖုံးအုပ်ထားပြီး ၁၈ကာရက်ရှိတဲ့ ရွှေကို Lid ပေါ်က နှစ် ၃၀ပြည့် အမှတ်တံဆိပ်အတွက် အသုံးပြုထားတယ်လို့ သိရပါတယ်။ ZenBook Edition 30 ကို Intel Core i5 8265U CPU အသုံးပြု မော်ဒယ်နဲ့ Intel Core i7 8565U CPU အသုံးပြု မော်ဒယ်ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပါတယ်။