ASUS ဟာ လာမယ့်ဇူလိုင်လ ၂၂ ရက်နေ့မှာ ROG Phone 3 ကိုမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ ASUS ROG Phone 3 ဟာ Qualcomm Snapdragon 865+ Chipset ကို အစောဆုံးအသုံးပြုလာမယ့် Gaming Phone ဖြစ်လာမှာပါ။

ဒါပေမယ့် ASUS ကနေ ROG Phone 3 လိုမျိုး Gaming Phone မဟုတ်ဘဲ သာမန် Flagship ဖုန်းတွေဖြစ်တဲ့ ASUS Zenfone 7 Series ဖုန်းတွေကိုလည်း မိတ်ဆက်သွားဖို့ရှိနေပါသေးတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ အဆိုပါ Zenfone 7 Series ကို ROG Phone 3 မိတ်ဆက်ပြီးလပိုင်းအတွင်းမှာ တရားဝင်ကြေညာသွားမယ်လို့ သိရပါတယ်။

ASUS Zenfone 7 Series တွေနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ သတင်းပေါက်ကြားမှုမရှိသေးပေမယ့် မနှစ်တုန်းက Zenfone 6 လိုမျိုးပဲ Flip Camera Setup ကို ဆက်လက်အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် Zenfone 7 Series ဖုန်းတွေမှာ Camera Sensor အသစ်တွေထပ်တိုးပါလာမယ်လို့ သိရတဲ့အတွက် ဖြစ်နိုင်တာကတော့ Primary နဲ့ Ultrawide Sensor တွေအပြင် Depth Sensor နဲ့ Telephoto Sensor လိုမျိုးပါ ပါဝင်လာနိုင်ခြေများနေပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Zenfone 7 နဲ့ Zenfone 7 Pro ဖုန်းတွေဟာ Qualcomm Snapdragon 865 Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး 5G Support လည်းပါဝင်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Black နဲ့ White ကတော့ ကျိန်းသေထွက်ရှိလာမှာဖြစ်ပြီး ကျန်တဲ့အရောင်တွေကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – Phone Arena