Asus ရဲ့ နောက်မျိုးဆက် ROG ဖုန်းရဲ့ သတင်းအချက်အလက်တွေ TENAA ကနေ ထွက်ပေါ်လာပါတယ်။ အဲဒီ ဖုန်းဟာ Asus ROG 3 ဖြစ်ပြီး 12GB RAM , Android 10 နဲ့ Snapdragon 865 Chipset တွေထည့်သွင်းထားမှာပါ။

Asus ROG 3 မှာ 5,800mAh ဘက်ထရီ ၊ ၅.၆၉ လက်မ Full HD+ Resolution OLED မျက်နှာပြင်၊ 144Hz Refresh Rate တွေ ပါလာမှာပါ။  30W Fast Charging နဲ့ အနောက်ဘက်မှာ 64MP Main , 13MP နဲ့ နောက်ထပ် ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး အရှေ့ဘက်မှာ 13MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားမှာပါ။

AnTuTu က စာရင်းအရ Asus ROG 3 ဟာ ရမှတ် ၆၄၆၃၁၀ ရထားပြီး လက်ရှိ AnTuTu မှာ OPPO Find X2 Pro က ၆၀၄၁၂၃ နဲ့ အမှတ် အမြင့်ဆုံးရထားပါတယ်။ AnTuTu က Asus ROG 3  ဒီလို အမှတ်မြင့်မားတာဟာ Snapdragon 865 , 16GB RAM နဲ့ 512GB Storage တွေ ထည့်သွင်းထားတာကြောင့်လို့ ပြောပါတယ်။ 144Hz Refresh Rate ကလည်း UX အမှတ်ကို မြင့်မားစေပြီး Chipset ကလည်း အရမ်းလန်းတဲ့ 3.09GHz အထိ မောင်းနှင်ထားနိုင်ပါတယ်။ ပုံမှန်ဆိုရင် 2.84GHz အထိပဲ မောင်းနှင်နိုင်တာ ဖြစ်ပြီး Over Clock စွမ်းရည်က မိုက်ပါတယ်။ Liquid Cooling ဒါမှမဟုတ် Active Airflow Cooling System ပါလာနိုင်ပါတယ်။

Asus ROG Phone II ကို အရင်နှစ် ဇူလိုင်လက ကြေညာခဲ့တဲ့အတွက် ROG Phone 3 ကိုလည်း ဇူလိုင်လမှာ ချပြနိုင်ပါတယ်။

Ref : gsmarena