ASUS ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Flagship ဖုန်းအနေနဲ့ ROG Phone 7 Series Gaming Phone တွေကိုပဲ မိတ်ဆက်ထားတာဖြစ်ပါတယ်။ အခုလည်း Gaming Phone မဟုတ်တဲ့ ပုံမှန် Flagship ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာပါ။

ဒါကတော့ ASUS Zenfone 10 ပဲဖြစ်ပြီး ASUS ကနေ ကုမ္ပဏီရဲ့ Twitter Account ကနေတစ်ဆင့် လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ အခု Zenfone 10 ဟာ မနှစ်တုန်းက လူကြိုက်များခဲ့တဲ့ Zenfone 9 ရဲ့ မျိုးဆက်သစ်ဖုန်းဖြစ်လာမှာပါ။

ASUS က ထုတ်ပြန်ခဲ့တဲ့ Teaser ပုံအရ Zenfone 10 ရဲ့ အရှေ့ဘက် Display ပုံကိုပါ တွေ့ရှိခဲ့ရပြီး ပါးလွှာတဲ့ဘေးဘောင်တွေအပြင် Selfie Camera ကို Display အပေါ်ဘက် ဘယ်ဘက်ခြမ်းမှာ Punch-hole ဒီဇိုင်းအနေနဲ့ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Zenfone 9 လိုမျိုးပဲ Zenfone 10 ကလည်း လက်တစ်ဖက်တည်း ကိုင်သုံးလို့အဆင်ပြေတဲ့ Compact ဖုန်းတစ်လုံးဖြစ်လာဖို့ များနေပါတယ်။

ASUS Zenfone 10 အကြောင်း လက်ရှိသိထားရတဲ့သတင်းတွေအရ 5.9″ 120Hz OLED Display ၊ Qualcomm Snapdragon 8 Gen 2 Chipset ၊ 16GB RAM အပြင် 6-Axis Gimbal Stabilization ပါဝင်တဲ့ Camera Setup နဲ့ 67W Fast Charging ပါဝင်တဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းကိုတော့ အတိအကျမသိရသေးပေမယ့် RAM 16GB + 256G Version ကို $749 ဖြင့် စတင်ရောင်းချသွားမယ်လို့ ခန့်မှန်းနေကြပါတယ်။

Ref – Gizmo China