ASUS ကနေ Zenfone အသစ်ဖြစ်တဲ့ Zenfone 10 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Zenfone 10 ဟာ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Zenfone 9 နဲ့ ဒီဇိုင်းပိုင်းဆင်တူပေမယ့် Feature ပိုင်းတွေမှာ အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာပါတယ်။

အရင်ဆုံး Zenfone 10 ဟာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားပြီး အမြင့်ဆုံး RAM 16GB အထိပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် Performance ပိုင်းမှာ ပျှမ်းမျှ ၂၀ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်လာမှာပါ။

ဒါ့အပြင် ASUS ဟာ Zenfone 10 ရဲ့ 4300mAh Battery ကိုပါဝါစားသုံးနှုန်း ၁၃ ရာခိုင်နှုန်းအထိ ပိုမိုသက်သာအောင် အဆင့်မြှင့်တင်ထားပြီး Wireless Charging ကိုလည်း 15W အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Wired Charging အနေနဲ့ကတော့ 30W HyperCharge ဖြင့် ပြန်လည်အားသွင်းနိုင်မှာပါ။

Display ပိုင်းမှာ 5.9″ Full HD+ AMOLED Display ပါဝင်မှာဖြစ်ပြီး 144Hz Refresh Rate ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Maximum 1100nits Brightness အပြင် Gorilla Glass Victus Protection ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Camera ပိုင်းအတွက် 50MP 1/1.56-inch Main Sensor ပါဝင်မှာဖြစ်ပြီး Second Generation 6-Axis Hybrid Gimbal Stabilization ကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် 12MP Ultrawide Sensor အပြင် 32MP Selfie Camera လည်းပါဝင်မှာပါ။

ASUS Zenfone 10 ဖုန်းဟာ Android Compact ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းလို့တောင် ပြောနိုင်ပြီး RAM 8GB + 128GB Storage Version ကို ယူရိုငွေ ၇၉၉ ဖြင့် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena