Zawgyi

မႏွစ္က ဇြန္လမွာ Asus ရဲ႕ Gaming စမတ္ဖုန္းျဖစ္တဲ့ ROG Phone ကိုပထမဆုံးမိတ္ဆက္လာခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ သူ႕ရဲ႕မ်ဳိးဆက္သစ္ ROG Phone 2 အား ဇူလိုင္လ ၂၃ ရက္ေန႔မွာမွ အမ်ားေရွ႕ကို ထုတ္ျပဖို႔ သတ္မွတ္လာခဲ့ပါတယ္။

အဆုိပါ Gaming စမတ္ဖုန္းသစ္ရဲ႕ မိတ္ဆက္ပြဲကိုေတာ့ တရုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕မွာ က်င္းပသြားမွာပါ။ အနည္းဆုံးဗားရွင္းႏွစ္မ်ဳိး ပါဝင္မယ္လို႔ သိရၿပီး အေျခခံေမာ္ဒယ္ရဲ႕တန္ဖုိးက တရုတ္ယြမ္ေငြ ၄,၃၉၉ (ျမန္မာေငြ ကုိးသိန္းခုနစ္ေသာင္းေက်ာ္) သတ္မွတ္လာမယ္လို႔ ဆုိပါတယ္။

ထိုင္ဝမ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူဟာ ၾသဂုတ္လ ၁ ရက္ေန႔က စတင္ၿပီး ရွန္ဟုိင္းမွာ ျပဳလုပ္သြားမယ့္ ChinaJoy 2019 Expo ပြဲမွာလည္း ဒီဖုန္းကို ထပ္မံမိတ္ဆက္သြားမွာျဖစ္ကာ အဆုိပါပြဲကို တက္ေရာက္လာမယ့္ မုိဘုိင္းဂိမ္မာ ေလးသိန္းခန္႔ကို စမ္းသပ္ျပသသြားမွာပါ။

မႏွစ္က ထြက္ရွိခဲ့တဲ့ ROG Phone ဟာ 90Hz Display ပါဝင္ခဲ့ေပမယ့္ အခုႏွစ္မွာေတာ့ ROG Phone 2 ဟာ 120Hz Screen ထိ ပါဝင္လာမွာပါ။ အခုခ်ိန္ထိ အတြင္းပိုင္း Specs ေတြကို အတည္မျပဳရေသးေပမယ့္ Snapdragon 855 ခ်စ္ပ္ဆက္အသုံးျပဳလာမယ္ဆုိတာေတာ့ ေသခ်ာၿပီး 12GB RAM မန္မုိရီနဲ႔ တြဲဖက္လာမွာပါ။ သူ႕ရဲ႕ေနာက္ဖက္မွာ ေတာက္ပတဲ့ Asus လိုဂိုနဲ႔အတူ အေအးေပးစနစ္တစ္ခုလည္း ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဇူလိုင္လကုန္ခါနီးမွ ထြက္လာမယ့္ ROG Phone 2 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြဟာ အခုဇြန္လကုန္ကေန စတင္ၿပီး အရွိန္ျမင့္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

Unicode

မနှစ်က ဇွန်လမှာ Asus ရဲ့ Gaming စမတ်ဖုန်းဖြစ်တဲ့ ROG Phone ကိုပထမဆုံးမိတ်ဆက်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သူ့ရဲ့မျိုးဆက်သစ် ROG Phone 2 အား ဇူလိုင်လ ၂၃ ရက်နေ့မှာမှ အများရှေ့ကို ထုတ်ပြဖို့ သတ်မှတ်လာခဲ့ပါတယ်။

အဆိုပါ Gaming စမတ်ဖုန်းသစ်ရဲ့ မိတ်ဆက်ပွဲကိုတော့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပသွားမှာပါ။ အနည်းဆုံးဗားရှင်းနှစ်မျိုး ပါဝင်မယ်လို့ သိရပြီး အခြေခံမော်ဒယ်ရဲ့တန်ဖိုးက တရုတ်ယွမ်ငွေ ၄,၃၉၉ (မြန်မာငွေ ကိုးသိန်းခုနစ်သောင်းကျော်) သတ်မှတ်လာမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဟာ သြဂုတ်လ ၁ ရက်နေ့က စတင်ပြီး ရှန်ဟိုင်းမှာ ပြုလုပ်သွားမယ့် ChinaJoy 2019 Expo ပွဲမှာလည်း ဒီဖုန်းကို ထပ်မံမိတ်ဆက်သွားမှာဖြစ်ကာ အဆိုပါပွဲကို တက်ရောက်လာမယ့် မိုဘိုင်းဂိမ်မာ လေးသိန်းခန့်ကို စမ်းသပ်ပြသသွားမှာပါ။

မနှစ်က ထွက်ရှိခဲ့တဲ့ ROG Phone ဟာ 90Hz Display ပါဝင်ခဲ့ပေမယ့် အခုနှစ်မှာတော့ ROG Phone 2 ဟာ 120Hz Screen ထိ ပါဝင်လာမှာပါ။ အခုချိန်ထိ အတွင်းပိုင်း Specs တွေကို အတည်မပြုရသေးပေမယ့် Snapdragon 855 ချစ်ပ်ဆက်အသုံးပြုလာမယ်ဆိုတာတော့ သေချာပြီး 12GB RAM မန်မိုရီနဲ့ တွဲဖက်လာမှာပါ။ သူ့ရဲ့နောက်ဖက်မှာ တောက်ပတဲ့ Asus လိုဂိုနဲ့အတူ အအေးပေးစနစ်တစ်ခုလည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဇူလိုင်လကုန်ခါနီးမှ ထွက်လာမယ့် ROG Phone 2 နဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ အခုဇွန်လကုန်ကနေ စတင်ပြီး အရှိန်မြင့်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena