Asus ROG Phone 3 ကို ဇူလိုင် ၂၂ ရက်နေ့မှာ မိတ်ဆက်တော့မှာဖြစ်ပြီး သူ့ရှေ့က မော်ဒယ်နှစ်ခုလိုပဲ Gaming ရသကို တိုးမြှင့်ပေးမယ့် Accessories အများအပြားပါဝင်လာဦးမှာပါ။ ယနေ့မှာတော့ ဒီ Accessories တွေရဲ့ Leak စတင်ထွက်ပေါ်လာခဲ့ပါတယ်။

Kunai Gamepad အသစ်ဟာ အရင်တုန်းကလိုပဲ တူညီတဲ့ Concept ကို ဆက်ယူဆောင်လာပေမယ့် ညာဘက် Analog Stick ကို အောက်ကိုရွှေ့လိုက်ပြီး ခလုတ်တွေကို အပေါ်ဘက်ပို့လိုက်ပါတယ်။ Select, Start နဲ့ အခြား ဒုတိယဦးစားပေး ခလုတ်တွေကို ၂၀၁၉ ဗားရှင်းတုန်းကလို Grip အပိုအစား Joy-cons လက်ကိုင်ပေါ်တင်ပေးထားတယ်။

Lightning Armor Case လို့အမည်ပေးထားတဲ့ ကာဗာအသစ်မှာ LED Grid တစ်ခုပါဝင်ပြီး အခုနှစ်အစောပိုင်းမှာ Zephyrus G14 အတွက် Asus မိတ်ဆက်ခဲ့တဲ့ AniMe Matrix Display နဲ့ ဆင်တူပါတယ်။ ကျန်တဲ့ Accessories တွေက ROG Phone 3 ရဲ့ ဘေးဘက်မှာပါဝင်တဲ့ USB-C Port နဲ့ချိတ်ဆက်ပြီး ပါဝါပေး၊ ချိတ်ဆက်ရမှာဖြစ်ပေမယ့် ဒီ Case ကတော့ မလိုပါဘူး။ NFC နဲ့ချိတ်ဆက်တာဖြစ်နိုင်ပေမယ့် LED အများအပြားကို ဘယ်လိုစွမ်းအားပေးမလဲဆိုတာတော့ မသိသေးပါဘူး။

TwinView Dock ပုံစံကလည်း မပြောင်းလဲဘဲ မနှစ်က Dock မှာ အရံ 120Hz Display အပိုတစ်ခု ပါတာကြောင့် အခုနှစ်မှာလည်း ဖုန်းမှာလို 144Hz Refresh Rate နဲ့ဖြစ်ဖြစ် ထပ်တွေ့ရနိုင်ပါတယ်။ AeroActive Cooler ကတော့ ပန်ကာဒီဇိုင်းကလွဲရင် အရင်မော်ဒယ်နဲ့ အတူတူပါပဲ။ ဒီနှစ်ခုလုံးမှာ 3.5mm Audio Jack နဲ့ RGB အလင်းပေးစနစ်တွေ ပါဝင်ပါတယ်။

Asus ROG Phone 3 ဟာ Snapdragon 865+ ချစ်ပ်ဆက်အသစ်ကို အသုံးပြုလာတဲ့ ပထမဆုံးစမတ်ဖုန်းတွေထဲက တစ်လုံးဖြစ်လာမှာပါ။ ဒါ့အပြင် 6.59” OLED Display မှာ 144Hz Refresh Rate ပါဝင်ပြီး 6,000 mAh ဘက္ထရီနဲ့ 30W အားသွင်းစနစ်တို့ကို မြင်ရမှာဖြစ်ပါတယ်။

Ref – GSMArena