Asus ROG Phone 3 ကို ဒီလ ၂၂ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး စွမ်းဆောင်ရည် အရမ်းလန်းတဲ့ Gaming ဖုန်း ဖြစ်လာမယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 865 ကို အဆင့်မြှင့်ထားတဲ့ Chipset အသစ် ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Asus က တွစ်တာမှာ ဗီဒီယို Teaser ၁ ခုကို မျှဝေလိုက်ပြီး Snapdragon 865+ ပါမယ်ဆိုတာ အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဗီဒီယိုကို လက်ရှိမှာ ပြန်ဖျက်ထားပါတယ်။

အရင်နှစ်ထုတ် Snapdragon 855+ မှာလိုပဲ 865+ ဟာ Snapdragon 865 ရဲ့ Overclocked Version ဖြစ်ပါတယ်။ အဲဒီ Chipset အသစ်မှာ 3.09GHz စွမ်းရည်မြင့် Core ၁လုံး ၊ 2.42GHz Kryo 585 Gold Core ၃ လုံးနဲ့ 1.8GHz Kryo 585 Silver Core ၄ လုံး ပါလာမယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ လကပဲ TENAA Certification ထွက်ပေါ်ခဲ့ပြီး ROG Phone 3 ရဲ့ အဓိက Specs နဲ့ ဒီဇိုင်းကို မြင်ခဲ့ရပါတယ်။ ၆.၅၉ လက်မ FHD+ OLED မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP Main ကင်မရာနဲ့ 13MP အပို ကင်မရာ ထည့်ထားနိုင်ပြီး 30W Fast Charging ထောက်ပံ့တဲ့ 5,800mAh ဘက်ထရီ ပါလာမှာပါ။

Ref : gsmarena