ASUS ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက ROG Phone 3 ကိုလာမယ့် ဇူလိုင်လအတွင်းမှာ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပြီး အခုအချိန်မှာတော့ တရားဝင်မိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ ASUS ရဲ့ တရားဝင်ပြောကြားချက်အရ ROG Phone 3 ဟာ လာမယ့်ဇူလိုင်လ ၂၂ ရက်နေ့မှာ မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။


ASUS ကတော့ အဆိုပါ ROG Phone 3 Launch Event ကို Online ကနေပဲပြုလုပ်သွားမှာဖြစ်ပြီးတော့ ASUS Official Website နဲ့ YouTube Channel တွေမှာပဲကြည့်ရှုနိုင်မယ်လို့သိရပါတယ်။ Launch Event ကိုတော့ ဇူလိုင်လ ၂၂ ရက်နေ့ ထိုင်ဝမ်စံတော်ချိန် ည ၁၁ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ASUS ကတော့ အဆိုပါ ROG Phone 3 နဲ့ ပတ်သက်တဲ့တခြားသောသတင်းတွေနဲ့ Teaser ဓါတ်ပုံတွေကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း တလောတုန်းက ပေါက်ကြားခဲ့တဲ့ Hands-on Video အရ ROG Phone 3 ဟာ ပြီးခဲ့တဲ့ ROG Phone 2 နဲ့ ဆင်တူတဲ့ဒီဇိုင်းကိုပဲ အသုံးပြုလာမယ်ဆိုတာ သိရှိခဲ့ပြီးဖြစ်ပါတယ်။

 

ASUS ROG Phone 3 ဟာ 6.59″ Full HD+ AMOLED Display ပါဝင်မှာဖြစ်ပြီး RAM 12GB နဲ့ 256GB Storage တွေပါဝင်လာမှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ Android 10 ကိုပဲ အသုံးပြုလာဦးမှာဖြစ်ပြီး 5800mAh Battery လည်းပါဝင်ဦးမယ်လို့ သိရပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ASUS ROG Phone 3 ဟာ CPU Clock Speed ကို 3.09GHz အထိ Overclock ပြုလုပ်ထားတဲ့ Snapdragon 865+ Chipset ကိုအသုံးပြုလာမှာဖြစ်သလို Dual Mode 5G ကိုလည်း အသုံးပြုလာဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မနှစ်တုန်းက ROG Phone 2 ဟာ စွမ်းဆောင်ရည်အကောင်းဆုံး စမတ်ဖုန်းတစ်လုံးအဖြစ်သတ်မှတ်ခံခဲ့ရသလိုပဲ အခု ROG Phone 3 ကလည်း လက်ရှိအချိန်မှာ အကောင်းဆုံး Gaming Phone တစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena