ASUS ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Zenfone 8 နဲ့ Zenfone 8 Flip ဖုန်းတွေကို Android 12 Update ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ တခြားသော ဖုန်းတွေအတွက် Android 12 Update ထုတ်ပေးခြင်းမရှိခဲ့တာ အချိန်အနည်းငယ်ကြာနေပြီဖြစ်ပါတယ်။

အခုအချိန်မှာတော့ ASUS ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Gaming Phone တွေဖြစ်တဲ့ ROG Phone 5 နဲ့ ROG Phone 5s ဖုန်းတွေကို Android 12 Stable Update ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါသတင်းကိုတော့ ASUS ရဲ့ ZenTalk Community Forum မှာ မတ်လ ၁၅ ရက်နေ့တုန်းက ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ROG Phone 5 နဲ့ ROG Phone 5s ကို အသုံးပြုနေတယ်ဆိုရင် Android 12 Stable Update ရဲ့ Firmware Number ဖြစ်တဲ့ 31.0810.1226.57 ကို Download ပြုလုပ်ရမှာဖြစ်ပါတယ်။ တကယ်လို့ Manual အနေနဲ့ Update ပြုလုပ်ချင်တယ်ဆိုရင် ROG Phone 5 အတွက် ယခု Link နဲ့ ROG Phone 5s အတွက် ယခု Link ကနေ Download ရယူနိုင်မှာပါ။

ASUS ရဲ့ ROG Phone 5 Series ဖုန်းတွေဟာ Qualcomm Snapdragon 888 Processor ကို အသုံးပြုထားပြီး အမြင့်ဆုံး 18GB LPDDR5 RAM နဲ့ 512GB Storage တွေအထိ ပါဝင်မှာဖြစ်ပါတယ်။ 144Hz Super AMOLED Display ကို အသုံးပြုထားပြီး In-screen Fingerprint Sensor ၊ Triple Camera Setup နဲ့ 65W Fast Charging ပါဝင်တဲ့ 6000mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China