အခုနှစ်အတွင်းမှာ Android Flagship ဖုန်းတွေအနေနဲ့ Qualcomm Snapdragon 888 Chipset ကို အဓိကအသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လပိုင်းတုန်းက Qualcomm ကနေ စွမ်းဆောင်ရည် အနည်းငယ်ပိုကောင်းမွန်တဲ့ Snapdragon 888+ Chipset ကို မိတ်ဆက်ထားခဲ့ပြီး အခုဆိုရင်လည်း Xiaomi Mi Mix 4 လိုမျိုး စမတ်ဖုန်းမှာ ပထမဆုံးအနေနဲ့ အသုံးပြုထားပြီဖြစ်ပါတယ်။

အခုလည်း ASUS ကနေ အဆိုပါ Qualcomm Snapdragon 888+ Chipset ကို အသုံးပြုထားမယ့် Gaming Phone အသစ်ကို လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းကတော့ ROG Phone 5S ဖြစ်ပြီး ASUS အနေနဲ့ တစ်နှစ်ထဲမှာ ဒုတိယမြောက်မိတ်ဆက်တဲ့ ROG Phone လည်းဖြစ်လာမှာပါ။

အခုလိုမျိုး ROG Phone 5S ဟာ Qualcomm Snapdragon 888+ Chipset ကို ပြောင်းလဲအသုံးပြုထားတာကလွဲပြီး တခြားသောပြောင်းလဲမှုတွေ ကြီးကြီးမားမားပြုလုပ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် 144Hz OLED Display ၊ 6000mAh Battery နဲ့ 65W Fast Charging လိုမျိုး အဓိကကျတဲ့ Feature တွေအကုန်ပါဝင်မှာဖြစ်သလို Design ပိုင်းအရလည်း ဆင်တူနေမှာဖြစ်ပါတယ်။

ROG Phone 5S ဟာ Version အနေနဲ့တော့ ၂ မျိုးရောင်းချသွားမှာဖြစ်ပြီး RAM 16GB + 256GB Storage နဲ့ RAM 18GB + 512GB Storage Version ဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ASUS ROG Phone 5S ဟာ ယခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံး Android Gaming Phone ဖြစ်လာဖို့ များနေပါပြီ။

Ref – GSM Arena