Qualcomm က Snapdragon 8+ Gen 1 SoC ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပြီး Snapdragon 8 Gen 1 ထက် စွမ်းဆောင်ရည် တချို့ ပိုကောင်းကာ စွမ်းအင် စားသုံးမှု သက်သာလာပါတယ်။ ကုမ္ပဏီ ၁၆ ခုက အဲဒီ Chip အသစ် ပါတဲ့ စမတ်ဖုန်းတွေကို ၂၀၂၂ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလက စတင်ကာ ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။ Snapdragon 8+ Gen 1 ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာမယ့် အချိန်အတိအကျကို မသိရသေးပေမယ့် Asus က ROG Phone 6 ဟာ Snapdragon 8+ Gen 1 SoC ပါတဲ့ ပထမဆုံး Gaming ဖုန်း ဖြစ်မယ်လို့ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် realme တည်ထောင်သူနဲ့ CEO Mr. Sky Li က realme GT 2 Master Explorer Edition ဟာ Snapdragon 8+ Gen 1 ပါတဲ့ ဖုန်းတွေထဲက ၁ လုံး ဖြစ်မယ်လို့ ကြေညာလိုက်ပါတယ်။

realme GT 2 Master Explorer Edition ကို တရုတ်မှာ ကြေညာမှာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်မှာ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။ Snapdragon 870 ပါတဲ့ အရင်နှစ်ထုတ် GT Master Explorer Edition ကိုတော့ တရုတ်မှာပဲ ရောင်းချပေးခဲ့တာဖြစ်တဲ့အတွက် နောက်မျိုးဆက်ကို နိုင်ငံတကာမှာ မရောင်းချနိုင်ဘူးလို့ ထင်ရပါတယ်။

Ref : gsmarena