ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်း ASUS ကနေ ROG Phone 6 ဟာ Qualcomm ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Snapdragon 8+ Gen 1Flagship Chipset ကို အသုံးပြုထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်မယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာတော့ ASUS ROG Phone 6 ကို တရားဝင်မိတ်ဆက်တော့မယ့်အချိန်ကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ASUS ရဲ့ တရားဝင်ပြောကြားချက်အရတော့ ROG Phone 6 Series ဟာ လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲကို Taiwan နိုင်ငံမှာပဲ Virtual Event အနေနဲ့ ပြုလုပ်သွားမှာဖြစ်ပြီး Livestream Event အနေနဲ့လည်း လွှင့်တင်ပေးသွားမယ်လို့ သိရပါတယ်။

ROG Phone 6 Series ဟာ ယခုနှစ်မှာ Model ၃ မျိုးမိတ်ဆက်သွားမယ်လို့ သတင်းထွက်ပေါ်ထားပြီး ROG Phone 6 ၊ ROG Phone 6 Pro နဲ့ ROG Phone 6 Ultimate တွေပါဝင်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ အဆိုပါ Model ၃ မျိုးစလုံးက Qualcomm Snapdragon 8+ Gen 1 ကို အသုံးပြုလာမှာဖြစ်တာကြောင့် ကျန်တဲ့ RAM ၊ Storage ပိုင်းနဲ့ တခြားသော Specification ပိုင်းပဲ ကွာခြားသွားမယ်လို့ သိရပါတယ်။

ASUS ROG Phone Series ဟာ အမြဲတမ်းလိုလို အကောင်းဆုံးသော Gaming Phone တွေလို့ နာမည်ကြီးပြီးတော့ Snapdragon 8+ Gen 1 Chipset ဟာလည်း Performance ပိုင်း ယခင်ထက်ပိုကောင်းလာပြီး ပါဝါစားသုံးမှုနည်းပါးတာကြောင့် ROG Phone 6 Series ကလည်း Gaming Phone တွေထဲမှာ ရွေးချယ်စရာတစ်ခုဖြစ်လာဦးမှာပါ။

Ref – Gizmo China