Asus က စွမ်းရည်မြင့် Gaming ဖုန်း ဖြစ်တဲ့ ROG Phone 8 Series ကို ကြေညာလိုက်ပါတယ်။ ROG Phone 8 နဲ့ ROG Phone 8 Pro တို့ ပါဝင်ပြီး အဆင့်မြင့် ကင်မရာ စနစ်ထည့်သွင်းထားပါတယ်။

Asus ROG Phone 8 arrives with SD 8 Gen 3, telephoto camera and IP68 rating

အဲဒီဖုန်းတွေမှာ မျက်နှာပြင်ပြား တပ်ဆင်ထားပြီး အလယ်မှာ Punch Hole ထည့်သွင်းထားကာ ဘေးဘောင်တွေက ပါးလွှာပါတယ်။ ROG Phone 8 ရဲ့ အနောက်ဘက်မှာ Customize လုပ်နိုင်တဲ့ Aura RGB Lighting Logo နဲ့ Pro မှာ Customize လုပ်နိုင်တဲ့ LED ၃၄၁ လုံးတပ် AniMe Vision mini-LED Lighting တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Asus ROG Phone 8 arrives with SD 8 Gen 3, telephoto camera and IP68 rating

ဖုန်း ၂ လုံးစလုံးမှာ 6.78” Samsung AMOLED LTPO Full HD+ မျက်နှာပြင်၊ 165Hz Refresh Rate ၊ 2,500 Nits Peak Brightness နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ ROG Phone 8 အတွက် Rebel Grey နဲ့ Phantom Black အရောင်နဲ့ Pro အတွက် Phantom Black ၁ ရောင်ထဲ ထုတ်လုပ်ထားပါတယ်။

Asus ROG Phone 8 arrives with SD 8 Gen 3, telephoto camera and IP68 rating

ROG Phone 8 နဲ့ 8 Pro မှာ Snapdragon 8 Gen 3 မောင်းနှင်ထားပါတယ်။ ROG Phone 8 အတွက် 12GB/16GB LPDDR5x RAM နဲ့ 256GB UFS 4.0 Storage ထည့်သွင်းထားပါတယ်။ Pro အတွက် 16GB/24GB LPDDR5x RAM နဲ့ 512GB/ 1TB UFS 4.0 Storage ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 65W Fast Charging ထောက်ပံ့တဲ့ 5,500mAh Battery ၊ Quick Charge 5.0 နဲ့ PD Charging နဲ့ 15W Qi Wireless Charging ထည့်သွင်းထားပါတယ်။

Asus ROG Phone 8 Pro: Phantom Black

Android 14 အခြေပြု ROG UI မောင်းနှင်ထားပြီး အပူလျှော့ချပေးတဲ့ စနစ် ပါပါတယ်။ Phone Launcher , Gallery နဲ့ Settings App မှာ ရှာဖွေမှုတွေ ပြုလုပ်ရင် ပိုကောင်းစေတဲ့ AI လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ နားကြပ်ပေါက်နဲ့ 5-magnet စပီကာာ စနစ် ထည့်သွင်းထားပြီး ဂိမ်းကစားဖို့ Air Trigger Buttons ပါပါတယ်။

အရှေ့ဘက်မှာ 32MP RGBW ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Sony IMX890 Main (OIS) , 13MP Ultrawide , 32MP Telephoto (3x Optical Zoom , OIS) ကင်မရာ တပ်ဆင်ထားပါတယ်။

ROG Phone 8 ရဲ့ တန်ဖိုးအနည်းဆုံး 16GB  RAM/ 256GB Storage ကို ၁,၀၉၉ ဒေါ်လာနဲ့ 16GB RAM/512GB Storage ကို ၁,၁၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 24GB RAM/1TB Storage ပါတဲ့ ROG Phone 8 Pro Edition ဟာ ၁,၄၉၉ ဒေါ်လာ တန်ကြေး ရှိပါတယ်။

Ref : gizmochina