Zawgyi





Ref – GSM Arena

Unicode

မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ASUS ROG Phone ဟာ စတင်ထွက်ရှိခဲ့တဲ့အချိန်တုန်းက အကောင်းဆုံး Gaming Phone တစ်ခုလို့ ပြောလို့ရသလို ASUS ရဲ့ ပထမဆုံးသော Gaming Phone တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ ROG Phone 2 ဟာ Overclock ပြုလုပ်ထားတဲ့ Snapdragon 845 Processor ၊ 8GB RAM တွေနဲ့ပွဲထွက်ခဲ့ပေမယ့် Android Version အနေနဲ့ 8.1 Oreo နဲ့ပဲ မိတ်ဆက်ခဲ့တာပါ။

ဒီ ASUS ROG Phone ဟာ ပြောရမယ်ဆိုရင် ASUS အတွက် Flagship စမတ်ဖုန်းတစ်ခုဖြစ်ပေမယ့် အခုအချိန်မှ Android Update ကို ရရှိတာဖြစ်ပါတယ်။ ဒါကလည်း လက်ရှိ Flagship ဖုန်းတွေလိုမျိုး Android 10 Update ရတာမဟုတ်ဘဲ Android 9 Pie ကိုပဲ Update ပြုလုပ်နိုင်တာပါ။ အခု Update Firmware Version ကတော့ v16.0410.1910.91 လို့သိရပြီးတော့ OTA Update ဖြစ်တဲ့အတွက် System Update ကနေ Download ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။

ASUS အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းကတော့ ASUS ROG Phone 2 အတွက် Android 10 Beta Program ကို စတင်ခဲ့ပြီးတော့ အဆိုပါ ROG Phone 2 အတွက် Android 10 ကိုလည်း Stable Version Update ပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် မနှစ်က ROG Phone အတွက် Android 10 Update ရဖို့ကတော့ ပိုပြီး အချိန်စောင့်ဆိုင်းရဦးမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ ASUS ROG Phone အတွက် Android 9 Pie Update မှာ ယခု Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena