[Zawgyi]

ဒီေန႔ေခတ္ စမတ္ဖုန္းထုတ္လုပ္မႈနယ္ပယ္ထဲမွာ တ႐ုတ္နည္းပညာကုမၸဏီေတြရဲ႕ ၿပိဳင္ဆိုင္မႈေတြက အေတာ္ေလးကို ျပင္းထန္ေနၿပီလို႔ ဆိုရမွာပါ။ ထိပ္ဆုံးက စမတ္ဖုန္းထုတ္လုပ္မႈကုမၸဏီသုံးခုမွာ တ႐ုတ္စမတ္ဖုန္းကုမၸဏီ ျဖစ္တဲ့ Huawei ကလည္း ဒုတိယေနရာထိ ေရာက္ရွိေနတာပါ။

တ႐ုတ္စမတ္ဖုန္း ကုမၸဏီေတြဟာ ႏိုင္ငံတကာေဈးကြက္မွာလည္း ယွဥ္ၿပိဳင္မႈျပင္းထန္သလို၊ ျပည္တြင္းေဈးကြက္မွာလည္း ၿပိဳင္ဆိုင္မႈ ျပင္းထန္ေနၾကပါတယ္။ ၂၀၁၉ ကေနစၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ တ႐ုတ္ စမတ္ဖုန္းထုတ္လုပ္သူေတြအတြက္ ဂိမ္းမင္းဖုန္းေတြဟာ ေနာက္ထပ္ ယွဥ္ၿပိဳင္မႈႀကိဳးဝိုင္းတစ္ခု ျဖစ္လာဖြယ္ ရွိေနပါတယ္။

အထူးသျဖင့္ PUBG, Mobile Legends စတဲ့ eSprots ေခါင္းစဥ္ေအာက္ကို ေရာက္လာတဲ့ဂိမ္း ေတြ ေခတ္စားလာခ်ိန္မွာ ဂိမ္းမင္းဖုန္းေတြကလည္း ေတာင္းဆိုမႈေတြပိုမ်ားလာပါေတာ့တယ္။ ၂၀၁၉ ခုႏွစ္မွာ တ႐ုတ္စမတ္ဖုန္း ကုမၸဏီ အခ်ိဳ႕ဟာ အမွတ္တံဆိပ္ခြဲေတြနဲ႔အတူ ဂိမ္းမင္းဖုန္းေဈးကြက္ကို ေျခဦးလွည့္လာၾကတာကလည္း မၾကာခင္ႏွစ္ေတြအတြင္း တ႐ုတ္ဂိမ္းမင္းဖုန္းတိုက္ပြဲ ပိုမိုျပင္းထန္လာေတာ့မယ္ဆိုတာကို ေဖာ္ျပေနသလိုပါပဲ။

Asus ကလည္း ဂိမ္းမင္းဖုန္း ထုတ္လုပ္ေရးဘက္ကို ခပ္ျမန္ျမန္ခုန္ကူးလာတဲ့ ကုမၸဏီေတြထဲမွာ ပါဝင္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာတုန္းက Asus ROG ကို မိတ္ဆက္ခဲ့တဲ့ေနာက္ ၂၀၁၉ ခုႏွစ္ တတိယ သုံးလပတ္မွာ ေနာက္ထပ္ ဂိမ္းမင္းဖုန္း အသစ္တစ္လုံးကို မိတ္ဆက္ေပးသြားဖြယ္ ရွိေနပါတယ္။

Asus ရဲ႕ ဂိမ္းမင္းဖုန္းအသစ္အတြက္ တ႐ုတ္ ဂိမ္းထုတ္လုပ္ကုမၸဏီ Tencent က မိတ္ဖက္အျဖစ္ပူးေပါင္းၿပီး အေရာင္းျမႇင့္တင္မႈလည္း လုပ္သြားမယ္လို႔ သိရပါတယ္။ မႏွစ္ကထုတ္ခဲ့တဲ့ ROG ဖုန္းဟာ Snapdragon 845 Chipset, 8GB of RAM နဲ႔ျဖစ္ၿပီး ဘက္ထရီပမာဏကေတာ့ 4,000mAh ျဖစ္ပါတယ္။

ROG ဟာ $900 (၁၃ သိန္းခြဲဝန္းက်င္) ကေန စတင္ၿပီး ဂိမ္းမင္းဒီဇိုင္းေကာင္းမြန္တဲ့အျပင္ ဂိမ္းကစားရ ပိုေကာင္းေစတဲ့ Accessories ေတြလည္း အေျမာက္အမ်ားရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ Asus ရဲ႕ ROG ေနာက္ဆက္တြဲ ၂၀၁၉ ဂိမ္းမင္းဖုန္းဟာ ဘယ္လိုပုံစံမ်ိဳးနဲ႔ ထြက္ေပၚလာမလဲဆိုတာ စိတ္ဝင္စားရေပမယ့္ အခုခ်ိန္ထိ ေပါက္ၾကားမႈ တစ္ခုတစ္ေလေတာင္ ျဖစ္မလာေသးတဲ့အတြက္ စိတ္ရွည္ရွည္ထားၿပီး ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ROG လိုမျိုး ဂိမ်းမင်းဖုန်းသစ်တစ်လုံး ထပ်ပြီးမိတ်ဆက်ဖို့ရှိနေတဲ့ Asus

ဒီနေ့ခေတ် စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ထဲမှာ တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုတွေက အတော်လေးကို ပြင်းထန်နေပြီလို့ ဆိုရမှာပါ။ ထိပ်ဆုံးက စမတ်ဖုန်းထုတ်လုပ်မှုကုမ္ပဏီသုံးခုမှာ တရုတ်စမတ်ဖုန်းကုမ္ပဏီ ဖြစ်တဲ့ Huawei ကလည်း ဒုတိယနေရာထိ ရောက်ရှိနေတာပါ။

တရုတ်စမတ်ဖုန်း ကုမ္ပဏီတွေဟာ နိုင်ငံတကာဈေးကွက်မှာလည်း ယှဉ်ပြိုင်မှုပြင်းထန်သလို၊ ပြည်တွင်းဈေးကွက်မှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်နေကြပါတယ်။ ၂၀၁၉ ကနေစပြီး နောက်ပိုင်းနှစ်တွေမှာ တရုတ် စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် ဂိမ်းမင်းဖုန်းတွေဟာ နောက်ထပ် ယှဉ်ပြိုင်မှုကြိုးဝိုင်းတစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

အထူးသဖြင့် PUBG, Mobile Legends စတဲ့ eSprots ခေါင်းစဉ်အောက်ကို ရောက်လာတဲ့ဂိမ်း တွေ ခေတ်စားလာချိန်မှာ ဂိမ်းမင်းဖုန်းတွေကလည်း တောင်းဆိုမှုတွေပိုများလာပါတော့တယ်။ ၂၀၁၉ ခုနှစ်မှာ တရုတ်စမတ်ဖုန်း ကုမ္ပဏီ အချို့ဟာ အမှတ်တံဆိပ်ခွဲတွေနဲ့အတူ ဂိမ်းမင်းဖုန်းဈေးကွက်ကို ခြေဦးလှည့်လာကြတာကလည်း မကြာခင်နှစ်တွေအတွင်း တရုတ်ဂိမ်းမင်းဖုန်းတိုက်ပွဲ ပိုမိုပြင်းထန်လာတော့မယ်ဆိုတာကို ဖော်ပြနေသလိုပါပဲ။

Asus ကလည်း ဂိမ်းမင်းဖုန်း ထုတ်လုပ်ရေးဘက်ကို ခပ်မြန်မြန်ခုန်ကူးလာတဲ့ ကုမ္ပဏီတွေထဲမှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာတုန်းက Asus ROG ကို မိတ်ဆက်ခဲ့တဲ့နောက် ၂၀၁၉ ခုနှစ် တတိယ သုံးလပတ်မှာ နောက်ထပ် ဂိမ်းမင်းဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ပေးသွားဖွယ် ရှိနေပါတယ်။

Asus ရဲ့ ဂိမ်းမင်းဖုန်းအသစ်အတွက် တရုတ် ဂိမ်းထုတ်လုပ်ကုမ္ပဏီ Tencent က မိတ်ဖက်အဖြစ်ပူးပေါင်းပြီး အရောင်းမြှင့်တင်မှုလည်း လုပ်သွားမယ်လို့ သိရပါတယ်။ မနှစ်ကထုတ်ခဲ့တဲ့ ROG ဖုန်းဟာ Snapdragon 845 Chipset, 8GB of RAM နဲ့ဖြစ်ပြီး ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပါတယ်။

ROG ဟာ $900 (၁၃ သိန်းခွဲဝန်းကျင်) ကနေ စတင်ပြီး ဂိမ်းမင်းဒီဇိုင်းကောင်းမွန်တဲ့အပြင် ဂိမ်းကစားရ ပိုကောင်းစေတဲ့ Accessories တွေလည်း အမြောက်အများရှိခဲ့ပါတယ်။ ဒါ့ကြောင့် Asus ရဲ့ ROG နောက်ဆက်တွဲ ၂၀၁၉ ဂိမ်းမင်းဖုန်းဟာ ဘယ်လိုပုံစံမျိုးနဲ့ ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားရပေမယ့် အခုချိန်ထိ ပေါက်ကြားမှု တစ်ခုတစ်လေတောင် ဖြစ်မလာသေးတဲ့အတွက် စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena