[Zawgyi]

ၿပီးခဲ့တဲ့လတုန္းက ROG Phone 2 ကို ဇူလိုင္လ ၂၃ရက္ေန႔မွာ မိတ္ဆက္မယ္ဆိုတဲ့ ေကာလဟလသတင္း ထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ အဲ့ဒီ ေကာလဟလသတင္းကို အတည္မွတ္ယူဖို႔ အခ်ိန္က်ေရာက္ပါၿပီ။ Asus အေနနဲ႔ ROG ထုတ္ကုန္သစ္ မိတ္ဆက္ပြဲေန႔ရက္ကို တ႐ုတ္ႏိုင္ငံရဲ႕ လူမႈကြန္ရက္ျဖစ္တဲ့ Weibo မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ROG ထုတ္ကုန္သစ္ မိတ္ဆက္ပြဲကို ေကာလဟလထြက္ခဲ့ဖူးတဲ့ သတင္းအတိုင္း ၂၀၁၉ခုႏွစ္ ဇူလိုင္လ ၂၃ရက္ေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။ Teaser ဓာတ္ပုံမွာ Asus ROG Phone 2 ကို မိတ္ဆက္မယ္လို႔ အတည္အလင္း ေျပာၾကားထားျခင္း မရွိေပမယ့္ အဲ့ဒီပြဲမွာ ROG Phone 2 ကို ျမင္ရဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။ တခ်ိဴ႕ေသာ သတင္းမီဒီယာေတြကေတာ့ ထိုင္ဝမ္ Computex 2019 မွာ မိတ္ဆက္ခဲ့တဲ့ X570 Motherboard Series နဲ႔ PRIME X299 Edition 30 တို႔ကို အဲ့ဒီပြဲမွာ မိတ္ဆက္သြားလိမ့္မယ္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္လည္း အဆိုပါ ထုတ္ကုန္ေတြနဲ႔အတူ ROG Phone 2 ကို ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Asus ROG Phone 2 နဲ႔ ပတ္သက္ၿပီး လက္ရွိၾကားသိထားရတဲ့ သတင္းေတြအရဆိုရင္ အဆိုပါ စမတ္ဖုန္းမွာ 120Hz Refresh Rate ရွိတဲ့ Super AMOLED Display ကို အသုံးျပဳထားႏိုင္ပါတယ္။ Processor အပိုင္းအတြက္ Snapdragon 855 SoC ကို အသုံးျပဳထားမွာ ျဖစ္ၿပီး၊ သာမန္ထက္ စြမ္းေဆာင္ရည္ပိုမိုေကာင္းမြန္ေအာင္ Clock Speed ျမႇင့္တင္ထားႏိုင္ပါတယ္။ ေက်ာဘက္ကင္မရာကေတာ့ မူလပထမ ROG Phone လိုမ်ိဴး Dual-camera Setup ကို အသုံးျပဳထားၿပီး အလ်ားလိုက္တပ္ဆင္ထားႏိုင္ပါတယ္။ ေမာ္ဒယ္နံပါတ္ I001DA နဲ႔ I001DB အေပၚမူတည္ၿပီး 18W Charger ဒါမွမဟုတ္ 30W Charger ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ROG နဲ႔ Tencent Games တို႔ကလည္း ပူးေပါင္းထားတာျဖစ္တဲ့အတြက္ ROG Phone 2 မွာ PUBG Mobile အတြက္ အထူးျပဳလုပ္ခ်က္ေတြ ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : GsmArena, DroidShout

[Unicode]

ဇူလိုင်လ ၂၃ရက်နေ့မှာ မြင်တွေ့ရတော့မယ့် Asus ROG Phone 2

ပြီးခဲ့တဲ့လတုန်းက ROG Phone 2 ကို ဇူလိုင်လ ၂၃ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတဲ့ ကောလဟလသတင်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ အဲ့ဒီ ကောလဟလသတင်းကို အတည်မှတ်ယူဖို့ အချိန်ကျရောက်ပါပြီ။ Asus အနေနဲ့ ROG ထုတ်ကုန်သစ် မိတ်ဆက်ပွဲနေ့ရက်ကို တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ROG ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို ကောလဟလထွက်ခဲ့ဖူးတဲ့ သတင်းအတိုင်း ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ Teaser ဓာတ်ပုံမှာ Asus ROG Phone 2 ကို မိတ်ဆက်မယ်လို့ အတည်အလင်း ပြောကြားထားခြင်း မရှိပေမယ့် အဲ့ဒီပွဲမှာ ROG Phone 2 ကို မြင်ရဖို့ ရာခိုင်နှုန်းများနေပါတယ်။ တချိူ့သော သတင်းမီဒီယာတွေကတော့ ထိုင်ဝမ် Computex 2019 မှာ မိတ်ဆက်ခဲ့တဲ့ X570 Motherboard Series နဲ့ PRIME X299 Edition 30 တို့ကို အဲ့ဒီပွဲမှာ မိတ်ဆက်သွားလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ထုတ်ကုန်တွေနဲ့အတူ ROG Phone 2 ကို မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်။

Asus ROG Phone 2 နဲ့ ပတ်သက်ပြီး လက်ရှိကြားသိထားရတဲ့ သတင်းတွေအရဆိုရင် အဆိုပါ စမတ်ဖုန်းမှာ 120Hz Refresh Rate ရှိတဲ့ Super AMOLED Display ကို အသုံးပြုထားနိုင်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 855 SoC ကို အသုံးပြုထားမှာ ဖြစ်ပြီး၊ သာမန်ထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်အောင် Clock Speed မြှင့်တင်ထားနိုင်ပါတယ်။ ကျောဘက်ကင်မရာကတော့ မူလပထမ ROG Phone လိုမျိူး Dual-camera Setup ကို အသုံးပြုထားပြီး အလျားလိုက်တပ်ဆင်ထားနိုင်ပါတယ်။ မော်ဒယ်နံပါတ် I001DA နဲ့ I001DB အပေါ်မူတည်ပြီး 18W Charger ဒါမှမဟုတ် 30W Charger ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ROG နဲ့ Tencent Games တို့ကလည်း ပူးပေါင်းထားတာဖြစ်တဲ့အတွက် ROG Phone 2 မှာ PUBG Mobile အတွက် အထူးပြုလုပ်ချက်တွေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref : GsmArena, DroidShout