ASUS ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ Qualcomm Snapdragon 855 Chipset နဲ့ Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ ZenFone 6 ကို မိတ်ဆက်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း အဆိုပါ ZenFone 6 အတွက် Android 11 Beta Program ကို စတင်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ASUS ကနေ ZenFone 6 အတွက် Android 11 Stable Update ကို စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Taiwan Region မှာပဲ အရင်ဆုံး Update ရရှိဦးမှာဖြစ်ပြီး နောက်ပိုင်းမှပဲ တခြားသော Region တွေမှာ Update ရရှိလာဖွယ်ရှိပါတယ်။

ZenFone 6 အတွက် Android 11 Stable Update ဟာ Firmware Build Number အနေနဲ့ 18.0610.2011.107 ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။ Android 11 Update နဲ့အတူ ZenUI Interface Design အသစ်တွေ၊ Third-party App တွေအတွက် Full-Screen Gesture Support အပြင် တခြားသော Minor Update တွေလည်း ရရှိလာမယ်လို့ သိရပါတယ်။

ASUS ZenFone 6 စမတ်ဖုန်းဟာ 6.4″ Full Screen IPS LCD Display ကို အသုံးပြုထားပြီး Selfie Camera အစား Back Camera ကိုပဲ Rotatable Camera Design နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Rear-mounted Fingerprint Sensor ၊ 5000mAh Battery ၊ 48MP Primary + 13MP Ultrawide Camera Setup တွေလည်း ပါဝင်မှာပါ။

ဘာပဲဖြစ်ဖြစ် ASUS အနေနဲ့ စမတ်ဖုန်းထုတ်လုပ်မှုတွေ လျော့နည်းသွားပေမယ့် Android Update ပိုင်းကို ဆက်လက်အာရုံစိုက်နေတာကတော့ အားရစရာပါ။

Ref – XDA-Developers