လက်ပ်တော့ နယ်ပယ်မှာ ဆရာတစ်ဆူ ဖြစ်တဲ့ Asus က 11th Gen Intel Core Processor တွေ ပါတဲ့ လက်ပ်တော့အသစ်တွေကို ကြေညာလိုက်ပါတယ်။ Intel Evo Platform လက်ပ်တော့ စံနှုန်းနဲ့ ဖန်တီးထားတဲ့ လက်ပ်တော့ ၁ လုံးလည်း ပါလာပါတယ်။ အရွယ်အစား ပါးလွှာ ၊ ပေါ့ပါးတဲ့ လက်ပ်တော့တွေ ဖြစ်ပေမယ့် 11th Gen Chip နဲ့ Iris Xe Graphics တွေကြောင့် အရမ်းကို စွမ်းရည်မြင့်မားပါတယ်။ လုပ်ငန်းသုံးဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ ဂိမ်းကစားဖို့ အတွက် အရမ်းကို ကောင်းတယ်လို့ Asus က ပြောပါတယ်။

WiFi 6 နဲ့ Thunderbolt 4 တွေကြောင့် ဆက်သွယ်မှု တည်ငြိမ် ကောင်းမွန်သလို Iris Xe Graphics အသစ်ကြောင့် နောက်မျိုးဆက် မီဒီယာ နည်းပညာတွေအတွက် အရမ်း ကောင်းပါတယ်။ “ နောက်ဆုံးပေါ် မျက်နှာပြင်၊ အသံ၊ ဆော့ဖ်ဝဲနဲ့ အင်တာနက်ကွန်ရက် နည်းပညာတွေကြောင့် သုံးစွဲသူတွေဟာ တီထွင်ဖန်တီးမှု ကောင်းကောင်းတွေ ပြုလုပ်နိုင်မှာပါ။  “ လို့ ပူးတွဲ စီအီးအို Sason Hu က ‘Built for Brilliance” Virtual Launch Event မှာ ပြောသွားပါတယ်။

ZenBook Flip S ဟာ ကမ္ဘာ့ အပါးလွှာဆုံး OLED Convertible လက်ပ်တော့ ဂုဏ်ပုဒ်နဲ့ ပွဲထွက်လာသလို Intel Evo Platform စံနှုန်းနဲ့ တည်ဆောက်ထားတဲ့ Asus ရဲ့ ပထမဆုံး လက်ပ်တော့ ဖြစ်လာပါတယ်။ Intel Evo စံနှုန်းပါတဲ့ လက်ပ်တော့တွေဟာ စွမ်းဆောင်ရည် မြင့်မားခြင်း၊ လျှင်မြန်ခြင်း၊ ဘက်ထရီ စားသုံးမှု နည်းပါးခြင်းနဲ့ ရုပ်ထွက် ကောင်းမွန်ခြင်း စတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်မှာပါ။

Asus လက်ပ်တော့ အသစ်တွေမှာ Windows OS မောင်းနှင်ထားပြီး အဲဒီလက်ပ်တော့ အသစ်တွေထဲမှာ ZenBook Flip S, ZenBook S, ZenBook 14, ZenBook 14 Ultralight နဲ့ ZenBook Pro 15 တို့ ပါပါတယ်။

Ref : business-standard