Asus က ဂျပန်မှာ VivoBook 15 ကို ကြေညာလိုက်ပြီး OLED မျက်နှာပြင်နဲ့ 11 Gen Intel Core Processor တွေ ထည့်သွင်းထားပါတယ်။ ပေါ့ပါးပြီး သယ်ယူရလွယ်ကူအောင် ဒီဇိုင်းထုတ်ထားပါတယ်။

ASUS VivoBook 15

Asus VivoBook 15 ရဲ့ တန်ဖိုးအနည်းဆုံး Intel i5 မော်ဒယ်ကို ယမ်း ၉၉,၉၀၀ နဲ့ Intel i7 မော်ဒယ်ကို ယမ်း ၁၀၉,၈၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၁၇ သိန်း ၅ သောင်းနဲ့ ၁၉ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ဂျပန်မှာ Asus ရဲ့ Authorised စတိုးတွေကနေ ရောင်းချပေးနေပါပြီ။

ASUS VivoBook 15

VivoBook 15 မှာ ၁၅.၆ လက်မ OLED 1920x1080p မျက်နှာပြင် တပ်ဆင်ထားပြီး အရောင်ထုတ်လုပ်တာ တိကျစေဖို့ DCI-P3 Colour Gamut ထည့်သွင်းထားကာ PANTONE Certification ရထားပါတယ်။ Blue Light ကို လျှော့ချပေးတဲ့ TUV Rheinland Certification ပါလာပြီး အမြင့်ဆုံး Brightness အနေနဲ့ 600 nits ထောက်ပံ့ထားပါတယ်။

အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အထူက ၁၈.၆ မီလီမီတာ ရှိပါတယ်။ Intel Core i7-1165 G7 or Intel Core i5-1135 G7 ရွေးချယ်နိုင်ပြီး မော်ဒယ်နံပါတ်တွေက K513EA-L1869T နဲ့ K513EA-L1867T တို့ အသီးသီး ဖြစ်ကြပါတယ်။

8GB RAM နဲ့ 512GB SSD Storage တွေ ထည့်သွင်းထားပြီး Windows 10 Home ပဲ ပါလာပေမယ့် Windows 11 ကို အဆင့်မြှင့်တင်နိုင်ပါတယ်။ WiFi 6 နဲ့ Bluetooth V5 Support ထည့်သွင်းထားပြီး USB 3.2 Type-C Port ၁ ခု၊ Type-A Port ၁ ခု၊ USB 2.0 Port ၂ ခု ၊ HDMI Port ၁ ခု၊ microSDXC Card Reader Slot ၁ ခု တပ်ဆင်ထားပါတယ်။

Ref : gizmochina