Zawgyi

ASUS ကေန ယခုႏွစ္အေစာပိုင္းမွာ မိတ္ဆက္ခဲ့တဲ့ Zenfone 6 စမတ္ဖုန္းဟာ လက္ရွိထြက္ရွိထားခဲ့သမွ် Flagship ဖုန္းေတြနဲ႔ မတူညီတဲ့ Flip Camera Setup ေၾကာင့္ တျခားေသာ စမတ္ဖုန္းေတြနဲ႔ယွဥ္ရင္ ကြဲထြက္ေနတာျဖစ္ပါတယ္။

ASUS ရဲ႕ Zenfone Series စမတ္ဖုန္းေတြဟာ အခုေနာက္ပိုင္းမွာ Pure Android နဲ႔ တူညီတဲ့ ZenUI ကို အသုံးျပဳလာတာျဖစ္ၿပီးေတာ့ Zenfone 6 ကလည္း အပါအဝင္ျဖစ္ပါတယ္။ အခုလည္း ASUS ကေန Zenfone 6 အတြက္ Android 10 Stable Update ကို တရားဝင္ထုတ္ေပးလိုက္ပါၿပီ။

အခု Android 10 Update ဟာ Version 17.1810.1910.63 အေနနဲ႔ ထြက္ရွိလာတာျဖစ္ၿပီးေတာ့ File Size အေနနဲ႔ 800MB ဝန္းက်င္ပဲရွိမွာျဖစ္ပါတယ္။ အခု Update မွာဆိုရင္ Android 10 ရဲ႕ Gesture Navigation အသစ္၊ Smart Reply ၊ System-wide Dark Mode ၊ Location Permission Tweak ေတြအျပင္ တျခားေသာ Feature အသစ္ေတြပါ ပါဝင္လာမွာပါ။

အခုလိုမ်ိဳး Android 10 Stable Update ရရွိတဲ့အခ်ိန္က တျခားေသာ စမတ္ဖုန္းေတြျဖစ္တဲ့ OnePlus လိုမ်ိဳး ဖုန္းေတြနဲ႔ယွဥ္ရင္ အနည္းငယ္ေႏွးတယ္ဆိုေပမယ့္လည္း Samsung Galaxy S10 လိုမ်ိဳး နာမည္ႀကီး Android Flagship ဖုန္းေတြနဲ႔ယွဥ္ရင္ေတာ့ Update ရတဲ့အခ်ိန္က ပိုျမန္ေနေသးတာျဖစ္ပါတယ္။

ASUS Zenfone 6 စမတ္ဖုန္းဟာ Snapdragon 855 Processor ၊ RAM 8GB ၊ 256GB Storage နဲ႔ 48MP Dual Camera Setup ၊ 5000mAh Battery ပါဝင္ၿပီးေတာ့ ေစ်းႏႈန္းအေနနဲ႔ $499 (ျမန္မာေငြ ၇သိန္းခြဲ ဝန္းက်င္) ကေန စတင္တဲ့အတြက္ တျခားေသာ Android Flagship ဖုန္းေတြထက္ ေစ်းသက္သာတဲ့ဖုန္းတစ္ခုလို႔ ေျပာလို႔ရပါတယ္။

Ref – Android Authority

Unicode

ASUS ကနေ ယခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Zenfone 6 စမတ်ဖုန်းဟာ လက်ရှိထွက်ရှိထားခဲ့သမျှ Flagship ဖုန်းတွေနဲ့ မတူညီတဲ့ Flip Camera Setup ကြောင့် တခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်ရင် ကွဲထွက်နေတာဖြစ်ပါတယ်။

ASUS ရဲ့ Zenfone Series စမတ်ဖုန်းတွေဟာ အခုနောက်ပိုင်းမှာ Pure Android နဲ့ တူညီတဲ့ ZenUI ကို အသုံးပြုလာတာဖြစ်ပြီးတော့ Zenfone 6 ကလည်း အပါအဝင်ဖြစ်ပါတယ်။ အခုလည်း ASUS ကနေ Zenfone 6 အတွက် Android 10 Stable Update ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ။

အခု Android 10 Update ဟာ Version 17.1810.1910.63 အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီးတော့ File Size အနေနဲ့ 800MB ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။ အခု Update မှာဆိုရင် Android 10 ရဲ့ Gesture Navigation အသစ်၊ Smart Reply ၊ System-wide Dark Mode ၊ Location Permission Tweak တွေအပြင် တခြားသော Feature အသစ်တွေပါ ပါဝင်လာမှာပါ။

အခုလိုမျိုး Android 10 Stable Update ရရှိတဲ့အချိန်က တခြားသော စမတ်ဖုန်းတွေဖြစ်တဲ့ OnePlus လိုမျိုး ဖုန်းတွေနဲ့ယှဥ်ရင် အနည်းငယ်နှေးတယ်ဆိုပေမယ့်လည်း Samsung Galaxy S10 လိုမျိုး နာမည်ကြီး Android Flagship ဖုန်းတွေနဲ့ယှဥ်ရင်တော့ Update ရတဲ့အချိန်က ပိုမြန်နေသေးတာဖြစ်ပါတယ်။

ASUS Zenfone 6 စမတ်ဖုန်းဟာ Snapdragon 855 Processor ၊ RAM 8GB ၊ 256GB Storage နဲ့ 48MP Dual Camera Setup ၊ 5000mAh Battery ပါဝင်ပြီးတော့ စျေးနှုန်းအနေနဲ့ $499 (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင်) ကနေ စတင်တဲ့အတွက် တခြားသော Android Flagship ဖုန်းတွေထက် စျေးသက်သာတဲ့ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။

Ref – Android Authority