Asus က Snapdragon 8 Gen 3 Chipset ပါတဲ့ Zenfone 11 Ultra ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.78” AMOLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 2,500 Nits Brightness ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပြီး Punch Hole မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

Asus launches Zenfone 11 Ultra with Snapdragon 8 Gen 3-powered AI features

အနောက်ဘက်မှာ 50MP Sony IMX890 Senrsor , 13MP Ultrawide နဲ့ 32MP Telephoto (3x Optical Zoom) ကင်မရာ ၃ လုံးပါလာပါတယ်။ Portrait Video Mode မှာ Bokeh တွေပိုကောင်းစေဖို့နဲ့ Object ရဲ့ မျက်နှာကို အာရုံခံဖို့ AI နည်းပညာကို အသုံးပြုထားပါတယ်။ အသံဖိုင်တွေကို စာသားအဖြစ် ပြောင်းပေးတာ၊ ဖုန်းပြောရင် ဘာသာပြန်ပေးတာ၊ ဆူညံသံ လျှော့ချပေးတာနဲ့ AI Wallpaper စတဲ့ တခြား AI လုပ်ဆောင်ချက်တွေ ပါပါတယ်။

Asus launches Zenfone 11 Ultra with Snapdragon 8 Gen 3-powered AI features

Zenfone 11 Ultra မှာ 65W Wired နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 5,500mAh Battery ထည့်သွင်းထားပါတယ်။ ဘူးထဲမှာ USB-C ကြိုးပဲ ထည့်ပေးထားပြီး Adapter မပါပါဘူး။

ဖုန်းအောက်ခြေမှာ နားကြပ်ပေါက်၊ စပီကာ၊ SIM Tray ၊ USB-C Port နဲ့ မိုက်ကရိုဖုန်း ထည့်ထားတဲ့အတွက် နေရာကြပ်ပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ Bluetooth 5.4 နဲ့ WiFi 7  ပါပါတယ်။

Skyline Blue, Eternal Black, Misty Grey နဲ့ Desert Sand အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၁,၀၀၀ ယူရိုနဲ့ 16/512GB ကို ၁,၁၀၀ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena