ASUS ဟာ ယခုနှစ်အတွင်းမှာ ROG Phone 5 Gaming ဖုန်းတင်မဟုတ်ဘဲ ပုံမှန် Zenfone 8 Series ဖုန်းတွေကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ Zenfone 8 ဟာ Rotating Camera အစား ပုံမှန် Android Flagship Compact ဖုန်းအနေနဲ့ပဲ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် ASUS Zenfone 8 ရဲ့ Back Camera Setup ဟာဆိုရင် 64MP Primary Sensor နဲ့ 12MP Ultrawide Sensor တွေပါဝင်တဲ့ Dual Camera Setup ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင် ASUS Zenfone 8 ရဲ့ Camera ဟာ တခြားသော Flagship ဖုန်းတွေထက် အားနည်းနေတယ်လို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့် Camera ပိုင်းကို စစ်ဆေးတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ကနေ Zenfone 8 ရဲ့ Camera ပိုင်းရမှတ်ကို ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ရမှတ် ၁၂၀ မှတ်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါက ASUS Zenfone 8 ကို ယခုနှစ် Android Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy S21 ထက်တောင် ပိုသာသွားစေတာဖြစ်ပြီး Google Pixel 5 နဲ့ အမှတ်အတူတူရရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Android Flagship ဖုန်းတွေထဲမှာ မြင့်မားတဲ့အမှတ်ရရှိတယ်ဆိုပေမယ့် Apple iPhone 12 Mini ဟာ စုစုပေါင်းရမှတ် ၁၂၂ မှတ်အထိ ရရှိထားတဲ့အတွက် iPhone 12 Series တွေထက်တော့ အားနည်းနေတယ်လို့ ပြောရမှာပါ။ ဘာပဲဖြစ်ဖြစ် ASUS Zenfone 8 က Camera ပိုင်းမှာ ယခင်ထက်အားရဖို့ကောင်းလာတာကတော့ အမှန်ပါပဲ။

အသေးစိတ်အနေနဲ့ကတော့ ASUS Zenfone 8 ဟာ Photo ပိုင်းမှာ ၁၂၆ မှတ် နဲ့ Video ပိုင်းမှာ ၁၀၈ မှတ် အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Zoom ပိုင်းမှာ သီးသန့် Telephoto Lens ပါဝင်ခြင်းမရှိတာကြောင့် ၅၄ မှတ်ပဲ ရရှိခဲ့တာဖြစ်ပါတယ်။

Ref – GSM Arena