PlayStation ဂိမ်းစက်တွေက Gran Turismo ပြိုင်ကားဂိမ်းမှာပဲ ပါဝင်တဲ့ Audi E-Tron Vision ပြိုင်ကားဟာ ဂိမ်မာတွေအတွက်တော့ အပြင်လောကမှာပါ မြင်ချင်တဲ့ကားတစ်စီးဖြစ်မှာပါ။

အခုအချိန်မှာတော့ Audio ဟာ PlayStation ဂိမ်းက Audi E-Tron Vision ပြိုင်ကားကို လာမယ့် ဧပြီရယ်လ ၁၄ ရက်နေ့မှာ ရောမမြို့မှာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Audi E-Tron Vision Gran Turismo ပြိုင်ကားဟာ လက်ရှိ လျှပ်စစ်ကားပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Formula – E ပြိုင်ပွဲတွေထဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အခု Audi E-Tron Vision Gran Turismo ကားက PlayStation ဂိမ်းဖြစ်တဲ့ Gran Turismo ဂိမ်းရဲ့ ၁၅ နှစ်ပြည့်အတွက် ထုတ်ပေးခဲ့တာဖြစ်ပြီးတော့ လူကြိုက်အလွန်များခဲ့တဲ့ ပြိုင်ကားတစ်စီးလည်းဖြစ်ပါတယ်။