Ultra-wideband (UWB) chip တွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက Samsung flagships ဖုန်းတွေမှာစံသတ်မှတ်ချက်တစ်ခုလို သုံးစွဲနေခဲ့တာပါ။ UWB ဟာ Object-tracking မှာ မြင့်မားတဲ့တိကျမှုနဲ့အတူ အကူအညီပေးပါတယ်။ ဒါ့အပြင် ကားတွေကိုသော့ဖွင့်တဲ့နေရာမှာလည်း ဒစ်ဂျစ်တယ်သော့အဖြစ် အသုံးပြုနိုင်ပါတယ်။

အခုအချိန်မှာတော့ Samsung ရဲ့ Digital Car Key ဟာ မော်တော်ကားသစ်အမြောက်အများနဲ့ ကောင်းမွန်စွာအလုပ်ဖြစ်နေတယ်လို့ TizenHelp က ရေးသားဖော်ပြလာပါတယ်။ Samsung Digital Car Key နဲ့ အလုပ်လုပ်တဲ့ယာဉ်တွေထဲမှာ Genesis GV60 နဲ့ GV90, BMW 1-8, Z4, X5-7, iX3, iX နဲ့ i4 အပြင် KIA Niro တို့လည်း ပါဝင်လာတယ်လို့ သိရပါတယ်။

Genesis အမှတ်တံဆိပ်မော်တော်ယာဉ်တွေကလွဲပြီး BMW နဲ့ KIA မော်ဒယ်တွေအားလုံးဟာ UWB မဟုတ်ဘဲ NFC ကိုပဲ အမှီပြုအားထားတာ ဖြစ်ပါတယ်။ Genesis GV60 ကတော့ ဒီလုပ်ဆောင်ချက်ကို လွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းက ရရှိခဲ့တာပါ။ ဒါပေမဲ့ အခု Feature က တောင်ကိုရီးယားအတွက် သီးသန့်ဖြစ်နေတုန်းပါပဲ။ ဘယ်အချိန်မှာ နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်လာမယ်ဆိုတာ မသိရသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ Google ရဲ့ Android digital car key ဟာ Galaxy စမတ်ဖုန်းမှာအသုံးပြုလို့ရနေပြီး Samsung ရဲ့ Digital Car Key နဲ့သုံးရသလို ရလဒ်ကအတူတူပဲဖြစ်ပါတယ်။ ဒီ Feature ကလည်း အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့မှာပဲ ရရှိနိုင်သေးတာဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးဆီ ဖြန့်ကျက်မှု မပြုလုပ်နိုင်သေးပါဘူး။

ဒီ လုပ်ဆောင်ချက်တွေဟာ လုံခြုံရေးမြင့်မားပြီး၊ အန္တရာယ်လည်းများတဲ့အတွက် အတိမ်းအစောင်း၊ အထိအခိုက်မခံနိုင်ကြပါဘူး။ လုံခြုံရေးယိုယွင်းမှုတွေအတွက် တင်းကျပ်တဲ့စိစစ်မှုတွေလည်း ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် အခုထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာနိုင်ဖို့အတွက် အချိန်ယူရဦးမယ်ဆိုတာ သေချာနေပါတယ်။

Ref: sammobile