Android OS ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Smartphone Operating System တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ဆီမှာ Android ဖုန်းမရှိလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဖုန်းပေါ်မှာ Install မပြုလုပ်ခင် Android App တွေကို စမ်းသပ်ချင်တာပဲဖြစ်ဖြစ်၊ Android Game တွေကို PC ပေါ်မှာ ဆော့ကစားချင်တယ်ဆိုရင် Emulator Software တွေကို အသုံးပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် ဒီလိုမျိုး ကိုယ့် Windows သို့မဟုတ် macOS ကွန်ပျုတာပေါ်မှာ Android Emulator Software တွေကို အသုံးပြုချင်တယ်ဆိုရင် အကောင်းဆုံး Android Emulator Software တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အခုပြောသွားမယ့် Emulator Software တွေဟာ အခမဲ့အသုံးပြုနိုင်တယ်ဆိုပေမယ့် တချို့သော Feature တွေအတွက်ကတော့ ဝယ်ယူအသုံးပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။

BlueStacks

Android App တွေကို ကိုယ့်ကွန်ပျုတာမှာ အသုံးပြုချင်တယ်ဆိုရင်တော့ အကောင်းဆုံး Emulator Software က BlueStacks ပဲဖြစ်ပါတယ်။ အသုံးပြုသူအများဆုံးလည်းဖြစ်သလို Game ဆော့ကစားချင်တဲ့သူတွေအတွက် Keymapping Tool လိုမျိုး အသုံးဝင်တဲ့ Feature အများအပြားလည်း ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

နောက်ထပ် BlueStacks ကို အသုံးပြုသင့်တဲ့ Feature ကတော့ Instance Manager ဖြစ်ပြီး Emulator အများအပြားကို တပြိုင်တည်းအသုံးပြုနိုင်မှာဖြစ်ပြီး Game တွေ App တွေအများအပြားကို တပြိုင်တည်းစမ်းသပ်နိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ ကွန်ပျုတာရဲ့ Performance ကို မထိခိုက်စေဖို့အတွက် Eco Mode လိုမျိုး Feature လည်းပါဝင်မှာဖြစ်ပါတယ်။

LD Player

LD Player Software ကတော့ Android Game တွေကိုလည်း ဆော့ကစားချင်တယ်၊ ကိုယ့် ကွန်ပျုတာကိုလည်း Performance မထိခိုက်စေဖို့အတွက် Lightweight ဖြစ်ချင်တယ်ဆိုရင် အသုံးပြုသင့်တဲ့ Emulator Software တစ်ခုဖြစ်ပါတယ်။ LD Player ဟာ အသုံးပြုရတာ ရိုးရှင်းတယ်ဆိုပေမယ့် အားနည်းချက်ကတော့ Android 7.1 Nougat ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Gaming အတွက် Keyboard Mapping Controls ၊ Multi-instance ၊ Macros ၊ High FPS လိုမျိုး Feature တွေအများအပြားကို ထည့်သွင်းထားပါတယ်။ လက်ရှိမှာ နာမည်ကြီး Game တွေဖြစ်တဲ့ Epic Seven ၊ Clash of Clans ၊ Arknights ၊ Free Fire နဲ့ Mobile Legends လိုမျိုး Game တွေကိုလည်း အကောင်းဆုံးထောက်ပံ့ပေးထားသလို Android App အများအပြားကိုလည်း အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

GameLoop

GameLoop Emulator ကတော့ ယခင်တုန်းက လူသုံးများခဲ့တဲ့ Tencent Gaming Buddy Software ကို နာမည်ပြောင်းလဲထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Tencent က ထုတ်လုပ်ထားတဲ့ Game တွေအပါအဝင် Android Game တွေအတွက် အကောင်းဆုံး Android Emulator Software တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

Tencent ကိုယ်တိုင်ကလည်း ယခု GameLoop Emulator Software ကို Official Emulator လို့တောင် ခေါ်ဆိုထားပြီး Call of Duty: Mobile ၊ PUBG Model တွေအတွက် အကောင်းဆုံးဖြစ်နေစေမှာပါ။ ဒါပေမယ့်လည်း တခြားသော Android Game တွေကိုလည်း အလွယ်တကူဆော့ကစားနိုင်ဦးမှာဖြစ်ပါတယ်။ Performance ပိုင်းမှာ ကွန်ပျုတာအားလုံးအတွက် အဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်သလို Keyboard Control ကလည်း အများအပြားထောက်ပံ့ပေးနိုင်ပါတယ်။

အခုပြောသွားတဲ့ Software တွေကတော့ ကိုယ့် ကွန်ပျုတာပေါ်မှာ Android App တွေနဲ့ Game တွေကို အသုံးပြုချင်တယ်ဆိုရင် အကောင်းဆုံး Emulator Software တွေဖြစ်ပါတယ်။ ကျန်တဲ့ Android Emulator Software တွေနဲ့ OS တွေလည်း အများအပြားရှိနေပေမယ့် အခုပြောသွားတဲ့ Software တွေကတော့ အဆင်အပြေဆုံးလို့ ပြောနိုင်ပါတယ်။

Ref – Android Authority