ကားကုမ္ပဏီတော်တောများများက နောက်ပိုင်းမှာ ဇိမ်ခံကားထုတ်ဖို့အတွက် နာမည်အသစ်တစ်ခု ထပ်လုပ်လာကြာပါတယ်။ သာမန် Brand မှာတော့ သာမန်ကားတွေကို ပဲထုတ်လေ့ရှိပြီး Brand အသစ်မှာတော့ Luxury ဖက်ကို ပိုသွားလေ့ရှပါတယ်။ အဲ့ဒီလိုအလုပ်အများဆုံး ကုမ္ပဏီတွေကတော့ ဂျပန်နဲ့ ကိုရီးယားက ကားကုမ္ပဏီတွေပါ။

၁။ Lexus


Lexus ဆိုတာ အမေရိန်နဲ့ အခြားအနောက်နိုငံတွေမှာ လူသိများတဲ့ Toyota ပါ။ Toyota ကနေ ပြန်ခွဲထွက်ထားတဲ့ ဇိမ်ခံကားဖက်ကို အသားပေးထုတ်တဲ့ Brand အနေနဲ့ပါ။ Lexus ရဲ့ ကားတော်တော်များများက Lexus ရုပ်ထွက်နေအောင် Designer တွေကတော်လွန်းပါတယ်။ Toyota ရဲ့ Toyota တံဆိပ်နဲ့ကားတွေက Lexus ရဲ့ကားတွေနဲ့ တစ်ခုမှမတူပါဘူး။ Lexus ရဲ့ Lexus LS ကားတွေဟာ Mercedes S Class လောက်ကိုတောင် ယှဉ်နိုင်တဲ့အပြင် Lexus LX တွေကလည်း Range Rover လိုဇိမ်ခံကားတွေကို ယှဉ်နိုင်ပါတယ်။

၂။ Acura

Acura ဆိုတာကတော့ မြန်မာပြည်မှာ အစီးများတဲ့ Fit, Insight, Civic လေးတွေရဲ့ ဖခင် Honda ကုမ္ပဏီရဲ့ ဇိမ်ခံကားထုတ်တဲ့ လက်ခွဲပါ။ Acura ကို မြန်မာပြည်မှာတော့ လူသိနည်းပါတယ်။ Honda ရဲ့လက်ခွဲဆိုတာ သိတဲ့သူကတော့ တော်တော်ကြီးကိုနည်းပါတယ်။ Acura ရဲ့ ဇိမ်ခံ Sedan ကတော့ Acura RLX ပါ။ Lexus တွေကို အရည်အသွေးပိုင်းရော မောင်းရတာရော မမှီပေမယ့် အမေရိကန်တွေကြားမှာ နာမည်ရတဲ့ ဇိမ်ခံ မိသားစုစီးကားတစ်စီးပါ။

၃။ Infinity


မြန်မာတွေနဲ့ တော်တော်ရင်းနှီးတဲ့ ကားကုမ္ပဏီကြီဖြစ်တဲ့ Nissan ရဲ့ လက်ခွဲ Brand ပါ။ Infinity ကားတွေကိုပြည်တွင်းမှာတွေ့ရပေမယ့် သိပ်ပြီးမများပါဘူး။ Acura လိုပဲ အမေရိကန်ဈေးကွက်လောက်မှာပဲ နာမည်ကြီးတာမို့ ဒီမှာသိပ်မသိကြပါဘူး။ Infinity Q70 နဲ့ Infinity QX80 တို့က ဇိမ်ခံကားတွေပါ။ QX80 ကတော့ Toyota Land Cruiser လောက်ကြီးပါတယ်။ Q70 ကတော့ သိပ်မကြီးပေမယ့် ဇိမ်ခံကားထဲမှာတော့ ပရိတ်သတ်တစ်ခုပိုင်ဆိုင်ထားသူပါ။

၎။ Genesis


ကိုရီးယားကားကုမ္ပဏီကြီး Hyundai ရဲ့ ဇိမ်ခံကားလက်ခွဲပါ။ Mercedes S Class, Lexus LS, BMW 7 Series နဲ့ Audi A8 တွေကို လိုက်ပြိုင်ဖို့ Genesis G90 လိုကားမျိုးကို ထုတ်လုပ်ထားပါတယ်။ G90 ကို Genesis နာမည်အောက်မှာ ဂုဏ်ရှိတဲ့ကားတစ်စီးအဖြစ် လူတွေကြားမှာ နေရာရအောင် Hyundai အနေနဲ့ကြိုးပမ်းနေပါတယ်။ G80 နဲ့ G70 တို့ကိုလည်း ထုတ်ထားပါသေးတယ်။ Mercedes E Class နဲ့ C Class လိုမျိုး ကားတွေကိုပါ လိုက်ယှဉ်ပြိုင်နေဦးမှာပါ။

၅။ Lincoln


အမေရိကန်ဇိမ်ခံကားပြားပြား ရှည်ရှည်ကြီးတွေကို မှတ်မိကြမှာပါ။ Lincoln ဆိုတဲ့ နာမည်က မသေးပါဘူး။ အမေရိကန် သမိုင်းမှာ Lincoln ဆိုတာ ပြရုဂ်တစ်ခုလိုတောင်ဖြစ်ခဲ့ပါတယ်။ Ford ရဲ့ ဇိမ်ခံကားအပိုင်းကို Lincoln နာမည်နဲ့ပဲထုတ်တယ်ဆိုတာကိုတော့ လူသိနည်းပါတယ်။ Lincoln ကို Ford ကပိုင်ပါတယ်။ Ford အနေနဲ့ ဇိမ်ခံကားတွေမထုတ်ပဲ Lincoln နာမည်အောက်မှာပဲထုတ်ပါတယ်။ Lincoln ရဲ့ လက်ရှိအပြောင်မြောက်ဆုံး Model ကတော့ Lincoln Continental ပါ။ Continental ဆိုတာကတော့ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ Lincoln ရဲ့ ဇိမ်ခံကားကြီးပါပဲ။