တခါတလေ Online Games တွေကြီးပဲ သူငယ်ချင်းတွေက ဆော့ကစားနေလို့ ကိုယ်က အင်တာနက်ကောင်းကောင်းအသုံးမပြုနိုင်တဲ့အခြေအနေမျိုးမှာ ဂိမ်းဆော့လို့မရတာမျိုး ကြုံဖူးပါသလား? အဲ့ဒီအတွက် အကောင်းဆုံးသော Online မလိုအပ်တဲ့ Offline ဂိမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

1. Badland

ဒီဂီမ်းကာတော့ နာမည်ကြီး Adventure ဂိမ်းတစ်ခုဖြစ်ပြီး အခက်အခဲတွေကို သေသေချာချာဆော့ကစားနိုင်မှကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းလည်း အထူးကောင်းမွန်တဲ့အတွက် ဆော့ကစားရင်း ဆော့ကစားရင်းနဲ့ အကြိုက်တွေ့သွားမှာအသေအချာပါပဲ။

2. Battle Slims

Battle Slims ကတော့ သင်တစ်ယောက်ထဲကစားတာထက် သူငယ်ချင်းတွေနဲ့ဆော့ကစားဖို့ အကောင်းဆုံးဂိမ်းတစ်ခုပါ။ ၄ ယောက်အထိဆော့ကစားနိုင်မှာဖြစ်ပြီးတော့ လှပပြီး ချစ်ဖို့ကောင်းတဲ့ ဂရပ်ဖစ်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားရတဲ့ပုံစံက သင့်ကို အကြိုက်တွေ့စေမှာပါ။

3. Crossy Road

Crossy Road ဂိမ်းကတော့ Highway လမ်းမပေါ်မှာ ကားတွေမတိုက်မိအောင် လမ်းဖြတ်ကူးရမယ့် ဂိမ်းတစ်ခုဖြစ်ပြီး ယခင်တုန်းက ဂိမ်းတွေပုံစံလုပ်ထားတဲ့ ဂရပ်ဖစ်ပိုင်းနဲ့ ဆန်းသစ်နေတဲ့ ကစားရတဲ့ပုံစံက တစ်မျိုးဆန်းနေပါတယ်။

4. Smash Hit

Smash Hit ကတော့ မှန်တွေကို ဘောလုံးတွေပစ်ပြီး ပစ်ခွဲရတဲ့ဂိမ်းတစ်ခုဖြစ်ပြီး ကစားရတာ အရမ်းအကောင်းကြီးမဟုတ်ပေမယ့်လည်း စိတ်ကျေနပ်မှုကိုတော့ အပြည့်ပေးနိုင်တဲ့ ဂိမ်းတစ်ခုပါ။

5. Stupid Zombies 2

Zombies ဂိမ်းတွေက ဘယ်တော့မှ ငြီးငွေ့စရာမကောင်းသလိုပဲ အခု Stupid Zombies 2 ဂိမ်းကလည်း Zombies တွေကို သတ်ရတဲ့ ဂိမ်းတစ်ခုဖြစ်ပြီးတော့ ဆော့ရတာပျော်ဖို့ကောင်းတဲ့ ဂိမ်းတစ်ခုလို့ ပြောရမှာပါ။