နည်းပညာ ဘီလီယမ်နာ သူဌေးကြီး Bill Gates က NFT တွေဟာ အရူး သီအိုရီအပေါ် ၁၀၀ ရာခိုင်နှုန်း အခြေခံထားတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဈေးအများကြီး တင်ထားတဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကနေ ငွေရှာချင်ရင် သူ့ထက် ပိုရူးတဲ့ လူကို တွေ့ပြီး ရောင်းချနိုင်မှ ဖြစ်မယ်ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။

Bill Gates says cryptocurrency, NFT are shams based on 'Greater-fool theory' investments

TechCrunch က ဦးစီးကျင်းပတဲ့ Climate ဆွေးနွေးပွဲမှာ Gates က စိုက်ပျိုးမွေးမြူရေး၊ စက်ရုံနဲ့ ထုတ်ကုန်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတို့လို ထင်သာမြင်သာရှိတဲ့ လုပ်ငန်းတွေကိုပဲ ပိုနှစ်သက်တယ်လို့ ပြောပါတယ်။ သူက “ Cryptocurrency နဲ့ NFT တွေကို မဝယ်ယူထားပါဘူး။ အခွန်နဲ့ အစိုးရ ဥပဒေတွေကို ရှောင်လွှားဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို သံသယ ရှိပါတယ်။ “ လို့ ပြောပါတယ်။

Bill Gates says crypto and NFTs are a sham | Financial Eye News

Gates က ဈေးအရမ်းကြီးတဲ့ မျောက်ပုံ ဒစ်ဂျစ်တယ် ဓါတ်ပုံတွေဟာ ကမ္ဘာကြီးကို တိုးတက်စေပါသလားလို့ ဟာသနှောပြီး ပြောပါတယ်။ သူက တန်ဖိုးကြီး NFT စီမံကိန်း ဖြစ်တဲ့ Bored Ape Yacht Club ကို ရည်ညွှန်းပြောကြားတာ ဖြစ်ပါတယ်။

Gates ဟာ Cryptocurrency နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်တုန်းက အင်တာဗျူး ၁ ခုမှာ သူက ရင်းနှီးမြှပ်နှံသူတွေဟာ Bitcoin ကို ဝယ်ယူနေကြတာ စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။ Cryptocurrency တန်ဖိုးဟာ မတည်ငြိမ်ဘဲ Elon Musk လို အထင်ကရ ရင်းနှီးမြှပ်နှံသူ ၁ ယောက်ရဲ့ Tweet ၁ ခုကြောင့် Cryptocurrency တန်ဖိုးဟာ အကြီးအကျယ် ပြောင်းလဲသွားနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။

Ref : theverge