Bitcoin ဟာ ပြီးခဲ့တဲ့ ရက်တုန်းက အမြင့်ဆုံးအနေနဲ့ ဒေါ်လာ ၁၁၃၀၀ အထိရောက်ရှိခဲ့ပြီး အမြင့်ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မိနစ် ၉၀ အတွင်း Bitcoin ရဲ့ ပေါက်ဈေးက ၂၀ ရာခိုင်နှုန်းကို ထိုးကျသွားပြီး ဒေါ်လာ ၉၀၀၀ အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။

Bitcoin ဟာ ဆိုရင် အထိန်းအကွပ်မရှိတဲ့ ငွေကြေးတစ်ခုပုံစံဖြစ်နေပြီး သုံးသပ်ချက်တွေအရတော့ မိနစ်ပိုင်းအတွင်း ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အတက်အကျဖြစ်နိုင်တယ်လို့ ခန့ှ်မှန်းထားကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Bitcoin ဟာ လက်ရှိအချိန်မှာ စိတ်ဝင်စားမှုအလွန်မြင့်တက်နေပြီး ဆက်လက်ဝယ်ယူစုဆောင်းသူတွေအများအပြားရှိနေကြောင်းသိရပါတယ်။ အခုလိုမျိုး စုဆောင်းနေပေမယ့်လည်း အခုလိုမျိုး မိနစ်ပိုင်းအတွင် ဈေးမတရားပြုတ်ကျသွားတာမျိုးကိုတော့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Bitcoin ဟာ လက်ရှိမှာ ဈေးနှုန်းအရပြန်လည်မြင့်တက်နေပြီး ဒေါ်လာ ၁ သောင်းအထက်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။