[Zawgyi]
Ref : gsmarena
[Unicode]
Black Shark 2 Pro ကို ဥရောပမှာ ရောင်းပြီ
ဥေရာပမွာရွိတဲ့ Black Shark Fans တွေအတွက် ဝမ်းသာစရာ သတင်းကောင်းပါ။ Xiaomi က Black Shark 2 Pro ကို ဥရောပ ၁ တိုက်လုံးမှာ ရောင်းချပေးလိုက်ပါပြီ။ ပိုဝမ်းသာစရာသတင်းကတော့ Xiaomi ဟာ Black Shark 2 Pro ရဲ့ Accessories တချို့ကို ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးထားပြီး Gamepad ကိုလည်း အခမဲ့ လက်ဆောင်ပေးနေပါတယ်။ Shadow Black, Iceberg Grey နဲ့ Gulf Blue အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ 8/128GB Model ကို ၅၉၉ ယူရိုနဲ့ 12/256GB Model ကို ၆၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၁၀ သိန်းနဲ့ ၁၁ သိန်းကျော် ရှိပါတယ်။
Xiaomi Black Shark 2 Pro ကို ဇူလိုင်လ ၃၀ က ကြေညာခဲ့ပါတယ်။ Snapdragon 855 ပါတဲ့ Black Shark 2 ကိုတော့ မတ်လမှာ မိတ်ဆက်ခဲ့ပါတယ်။ Black Shark 2 Pro မှာ ပိုကောင်းတဲ့ Snapdragon 855+ ပါလာပါတယ်။
Black Shark 2 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Black Shark 2 Pro မှာ Samsung က ထုတ်ထားတဲ့ ၆.၃၉ လက်မ FHD+ AMOLED Display ပါပါတယ်။ စွမ်းဆောင်ရည်မြင့် Snapdragon 855+ ထည့်သွင်းထားပါတယ်။ 27W Fast-charging ပါတဲ့ 4000mAh Battery ပါပါတယ်။ UFS 3.0 Storage က ဒေတာတွေ ကူးပြောင်းရာမှာ မြန်ဆန်ပါတယ်။ အပူချိန် လျှော့ချပေးတဲ့ Liquid Cooling 3.0 ကို အဆင့်မြှင့်ထားပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး 48MP+12MP Cameras တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 20MP Camera ပါပြီး Android 9 Pie Stock Version မောင်းနှင်ထားပါတယ်။
Ref : gsmarena