[Zawgyi]

Xiaomi ကုမၸဏီရဲ႕ Gaming စမတ္ဖုန္းအမွတ္တံဆိပ္ Black Shark ဟာ မၾကာခင္မွာ Flagship စမတ္ဖုန္း အသစ္တစ္လုံးကို ထုတ္လာဦးမွာပါ။ ကုမၸဏီရဲ႕ Weibo အေကာင့္မွာေတာ့ မၾကာခင္လာမယ့္ စမတ္ဖုန္းဟာ Liquid Cool 3.0 လို႔အမည္ေပးထားတဲ့ Liquid Cooling အေအးေပးနည္းပညာအသစ္ပါလာမယ္ဆုိတာကိုေတာ့ အတည္ျပဳထားပါတယ္။

Black Shark 2 အမည္နဲ႔ ထြက္ရွိလာမယ့္ ဟန္းဆက္ဟာ အခုေတာ့ Geekbench ရဲ႕ Database ေပၚကို ေရာက္ရွိလာခဲ့ပါၿပီ။ ဒီဖုန္းကို အရင္က “Blackshark Skywalker” ဆုိတဲ့အမည္နဲ႔ Snapdragon 855 ခ်စ္ပ္ဆက္၊ 8GB RAM မန္မုိရီတုိ႔ျဖင့္လည္း Geekbench မွာ ျမင္ေတြ႕ခဲ့ရေပမယ့္ ဒီတစ္ခါေတာ့ ထူးျခားမႈရွိလာခဲ့တယ္။

“Black Shark AAA” လို႔အမည္ေပးထားတဲ့ Geekbench စာရင္းထဲမွာေတာ့ ဒီစမတ္ဖုန္းကို Qualcomm ရဲ႕ ေနာက္ဆုံးေပၚ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔အတူ သတင္းေတြထြက္ေနသလို 12GB RAM မန္မုိရီနဲ႔ပါ ေတြ႕ရွိလာခဲ့တာပါ။ ေအာက္မွာေတြ႕ရတဲ့ Benchmark အမွတ္ေတြကိုၾကည့္ရင္ Liquid Cool 3.0 နည္းပညာဟာ တကယ္ပဲ ဟန္းဆက္ကို အထင္ႀကီးေလာက္စရာ အမွတ္ေတြရေအာင္ ကူညီေပးႏုိင္ခဲ့တာကို ေတြ႕ရမွာပါ။

Black Shark ဖုန္းသစ္ဟာ Single-core Test မွာ အမွတ္ 3,516 ရရွိခဲ့ၿပီး Multi-core စမ္းသပ္မႈမွာေတာ့ 11,413 ထိ ရရွိခဲ့ပါတယ္။ ယခင္ကေတြ႕ခဲ့တဲ့ 8GB Black Shark Skywalker ဟာ Single-core မွာ 3,494 နဲ႔ Multi-core Test မွာ 11,149 ရရွိခဲ့တာေၾကာင့္ ရလဒ္ေတြကေကာင္းဆဲျဖစ္ၿပီး 12 GB ဗားရွင္းက ပိုသာေနပါတယ္။ ေဆာ့ဖ္ဝဲဘက္မွာေတာ့ ဒီဖုန္းအသစ္ဟာ Android 9 Pie ကိုအသုံးျပဳလာမယ္လို႔လည္း Geekbench က ေဖာ္ျပခဲ့ပါတယ္။

Xiaomi ထုတ္ကုန္ပိုင္းဒါရုိက္တာ Wang Teng Thomas က Black Shark 2 ရဲ႕တည္ရွိမႈကို ၿပီးခဲ့တဲ့လမွာ Weibo အေကာင့္ကေနတဆင့္ စတင္အတည္ျပဳေပးခဲ့တယ္။ ဖုန္းရဲ႕နာမည္ကိုေတာ့ တရားဝင္ အတည္မျပဳရေသးပါဘူး။ Black Shark ဟာ ပထမဆုံးဖုန္းကို ၿပီးခဲ့တဲ့ ဧၿပီလက ျဖန္႔ခ်ိခဲ့ၿပီး ဒုတိယေျမာက္ Black Shark Helo ကိုေတာ့ ေအာက္တုိဘာမွာ မိတ္ဆက္ခဲ့ပါတယ္။

Ref – Smartprice

[Unicode]

Xiaomi ကုမ္ပဏီရဲ့ Gaming စမတ်ဖုန်းအမှတ်တံဆိပ် Black Shark ဟာ မကြာခင်မှာ Flagship စမတ်ဖုန်း အသစ်တစ်လုံးကို ထုတ်လာဦးမှာပါ။ ကုမ္ပဏီရဲ့ Weibo အကောင့်မှာတော့ မကြာခင်လာမယ့် စမတ်ဖုန်းဟာ Liquid Cool 3.0 လို့အမည်ပေးထားတဲ့ Liquid Cooling အအေးပေးနည်းပညာအသစ်ပါလာမယ်ဆိုတာကိုတော့ အတည်ပြုထားပါတယ်။

Black Shark 2 အမည်နဲ့ ထွက်ရှိလာမယ့် ဟန်းဆက်ဟာ အခုတော့ Geekbench ရဲ့ Database ပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီဖုန်းကို အရင်က “Blackshark Skywalker” ဆိုတဲ့အမည်နဲ့ Snapdragon 855 ချစ်ပ်ဆက်၊ 8GB RAM မန်မိုရီတို့ဖြင့်လည်း Geekbench မှာ မြင်တွေ့ခဲ့ရပေမယ့် ဒီတစ်ခါတော့ ထူးခြားမှုရှိလာခဲ့တယ်။

“Black Shark AAA” လို့အမည်ပေးထားတဲ့ Geekbench စာရင်းထဲမှာတော့ ဒီစမတ်ဖုန်းကို Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 855 ချစ်ပ်ဆက်နဲ့အတူ သတင်းတွေထွက်နေသလို 12GB RAM မန်မိုရီနဲ့ပါ တွေ့ရှိလာခဲ့တာပါ။ အောက်မှာတွေ့ရတဲ့ Benchmark အမှတ်တွေကိုကြည့်ရင် Liquid Cool 3.0 နည်းပညာဟာ တကယ်ပဲ ဟန်းဆက်ကို အထင်ကြီးလောက်စရာ အမှတ်တွေရအောင် ကူညီပေးနိုင်ခဲ့တာကို တွေ့ရမှာပါ။

Black Shark ဖုန်းသစ်ဟာ Single-core Test မှာ အမှတ် 3,516 ရရှိခဲ့ပြီး Multi-core စမ်းသပ်မှုမှာတော့ 11,413 ထိ ရရှိခဲ့ပါတယ်။ ယခင်ကတွေ့ခဲ့တဲ့ 8GB Black Shark Skywalker ဟာ Single-core မှာ 3,494 နဲ့ Multi-core Test မှာ 11,149 ရရှိခဲ့တာကြောင့် ရလဒ်တွေကကောင်းဆဲဖြစ်ပြီး 12 GB ဗားရှင်းက ပိုသာနေပါတယ်။ ဆော့ဖ်ဝဲဘက်မှာတော့ ဒီဖုန်းအသစ်ဟာ Android 9 Pie ကိုအသုံးပြုလာမယ်လို့လည်း Geekbench က ဖော်ပြခဲ့ပါတယ်။

Xiaomi ထုတ်ကုန်ပိုင်းဒါရိုက်တာ Wang Teng Thomas က Black Shark 2 ရဲ့တည်ရှိမှုကို ပြီးခဲ့တဲ့လမှာ Weibo အကောင့်ကနေတဆင့် စတင်အတည်ပြုပေးခဲ့တယ်။ ဖုန်းရဲ့နာမည်ကိုတော့ တရားဝင် အတည်မပြုရသေးပါဘူး။ Black Shark ဟာ ပထမဆုံးဖုန်းကို ပြီးခဲ့တဲ့ ဧပြီလက ဖြန့်ချိခဲ့ပြီး ဒုတိယမြောက် Black Shark Helo ကိုတော့ အောက်တိုဘာမှာ မိတ်ဆက်ခဲ့ပါတယ်။

Ref – Smartprice