NFTs.com Domain ကို ဒေါ်လာ ၁၅ သန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်က Voice.com ကို ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချခဲ့ပြီးနောက် ဒုတိယမြောက် တန်ကြေးအများဆုံးနဲ့ NFTs.com ကို ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ Escrow.com နဲ့ ပရီမီယမ် Domain ပွဲစား Domainer.com တို့က ဒီသတင်းကို ပူးတွဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။

NFTs.com domain name bought for $15M

NFTs.com  ဝယ်ယူသူကို မသိရသေးပေမယ့် ပါဝင်တဲ့ ပွဲစားတွေက Domainer.com နဲ့ GoDaddy.com တို့ ဖြစ်ပါတယ်။ NFTs.com ကို ဝယ်ယူပြီး ဘယ်လို အသုံးချမလဲဆိုတဲ့ အစီအစဉ်တွေကို မသိရသေးပေမယ့် Domainer.com က ဝယ်ယူသူဟာ DigitalArtists.com (အနုပညာရှင်တွေအတွက် web3 ဝန်ဆောင်မှု) လို တခြား web3 စီမံကိန်းတွေနဲ့ ပူးပေါင်းထားတယ်လို့ ပြောပါတယ်။

NFTS.com

အခု အရောင်းအဝယ်မှာ အဓိက ပွဲစား ဖြစ်တဲ့ Domainer.com ရဲ့ Matt Holden က “ NFTs.com ကို အရောင်းအဝယ်ပြုလုပ်ရာမှာ ပါဝင်တဲ့ လူ အားလုံးနဲ့ အလုပ်လုပ်ရတာ ဝမ်းသာစရာကောင်းပါတယ်။ ဒီလို နာမည်ကြီး Domain ကို ဝယ်ယူနိုင်သူအတွက် အံ့မခန်း အခွင့်အရေးများစွာ ရှိနေပါတယ်။ “ လို့ပြောပါတယ်။ Domainer.com ရဲ့ ဒါရိုက်တာ Ian Garner က “ NFTs.com ဟာ ပွဲစားအားလုံး မျက်စိကျနေတဲ့ Domain ဖြစ်ပါတယ်။ ဒီအရောင်းအဝယ်မှာ ပါဝင်ပတ်သက်ခွင့်ရတာ ကံကောင်းပြီး ဝယ်ယူသူကို ဆက်လက် ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။“ လို့ ပြောပါတယ်။

NFT တွေဟာ ဓါတ်ပုံ၊ ပန်းချီ၊ သီချင်းတို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain မှာ မှတ်တမ်းတင်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း NFT တွေဟာ အရမ်းကို ရေပန်းစားခဲ့ပြီး နာမည်ကြီး ကုမ္ပဏီတွေ၊ အားကစား အသင်းတွေနဲ့ နာမည်ကျော်ကြား လူသိများသူတွေဟာ NFT နယ်ပယ်ထဲကို ဝင်ရောက်လာကြပါတယ်။ အဲဒီအတွက် NFTs.com Domain ကို အခုလို များစွာသော ငွေကြေးနဲ့ ရောင်းချနိုင်ခဲ့တာပါ။

Ref : dnjournal