EV တွေကြားမှာ Tesla လည်းမဟုတ် Nissan Leaf လိုလည်းဂျပန်ရုပ်မဟုတ်တဲ့ EV လေးကတော့ BMW ရဲ့ i3 လေးပါ။ BMW i3 လေးတွေက ဆိုဒ်သေးပြီး ချစ်စရာကောင်းတဲ့ EV လေးတွေပါ။ Design ပိုင်းမှာလည်း BMW ရဲ့ အငွေ့အသက်တွေချည်း ဖုံးလွှမ်းနေတာမြင်သာပါတယ်။

BMW i3 လေးတွေကတော့ အမြင့်ဆုံး Model ဆိုရင် အားအပြည့်သွင်းထားတဲ့ Battery နဲ့ မိုင် ၁၀၀ ကျော်လောက်အထိမနားတမ်းမောင်းနိုင်ပါတယ်။ Vokswagen Polo နဲ့ အရွယ်အစားသိပ်မကွာတာကြောင့် မြို့တွင်းသုံးအတွက်တော့ တော်တော်လေးအဆင်ပြေတဲ့ EV လေးပါ။ i3 လေးတွေကို ဂျပန်၊ အမေရိကန်နဲ့ အင်္ဂလန်လိုမျိုးနိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါပြီ။

လူလေးယောက် သက်တောင့်သက်သာစီးနင်းနိုင်မှာဖြစ်ပါတယ်။ အဝင်အထွက်မှာလည်း အဆင်ပြေစေဖို့အတွက် တံခါးပေါက်လေးတွေကို ဆန်းသစ်တဲ့ Design နဲ့တပ်ဆင်ပေးထားပါတယ်။ ရထားလုံးတံခါးတွေလို ရင်ခွဲတံခါးပုံစံလုပ်ပေးထားတာကြောင့် အတ်အဆင်းလုပ်တဲ့အချိန်မှာ သိသိသာသာပိုကောင်းပါတယ်။ အားသွင်းချိန်ကတော့ 0% Battery ကနေ 100% ဖြစ်ဖို့အတွက် လေးနာရီကျော်ကြာမှာဖြစ်ပါတယ်။

BMW i3 လေးတွေက EV စစ်စစ်ဖြစ်ပေမယ့် အင်ဂျင်ပါတဲ့ အမျိုးအစားကိုလည်း BMW ကထုတ်ပေးထားပါသေးတယ်။ အင်ဂျင်သီးသန့်မဟုတ်ပဲ Battery နဲ့ပဲအဓိက မောင်းနှင်ရမှာဖြစ်ပြီး Battery နဲ့အဆင်မပြေတော့မှ အင်ဂျင်ကိုဖွင့်သုံးနိုင်အောင် ထည့်ပေးထားတာပါ။ i3 တိုင်းမှာ အင်ဂျင်ပါဝင်မှာမဟုတ်ပဲ Range Extender ပါတာကိုဝယ်မှ အင်ဂျင်ပါတဲ့ i3 ကိုရမှာဖြစ်ပါတယ်။

အမြင့်ဆုံး Model ဖြစ်တဲ့ i3s with Range Extender ကတော့ $51050 ပါ။ အတွင်းခန်း အပြင်အဆင်နဲ့ ပတ်သက်လို့ ကိုယ်နှစ်သက်ရာကိုလည်း ရွေးနိုင်ဖို့ BMW က Option အချို့ထားပေးထားပါသေးတယ်။ ယူကလစ်သားနဲ့လုပ်ထားတဲ့ Dashboard ဒါမှမဟုတ် ဝက်သစ်ချသား စတဲ့တစ်ခုခုကို နှစ်သက်သလို ရွေးခြယ်ဝယ်ယူနိုင်ပါတယ်။ BMW i3 လေးမှာသုံးထားတဲ့ ပစ္စည်းတော်တော်များများက Recycle လုပ်ထားတဲ့ ပလပ်စတစ်တွေ၊ ပုလင်းခွံတွေကိုအသုံးပြုပြီး တည်ဆောက်ပေးထားတာကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။