ဂျာမနီ ကားထုတ်လုပ်သူ BMW က ကားတွင်း ဖျော်ဖြေရေး စနစ် အသစ် BMW Theatre Screen ကို မကြာခင်က CES 2022 မှာ ပြသလိုက်ပါတယ်။ အဲဒီ စနစ်မှာ ၃၁ လက်မ 8K Screen တပ်ဆင်ထားပြီး ကားအနောက်ခန်းကို ရုပ်ရှင်ရုံလို အသုံးပြုနိုင်မှာပါ။

BMW's 31-Inch In-Car Theatre Screen Has Built-In Amazon Fire TV

Theatre Screen ဟာ နမူနာမော်ဒယ်အဆင့်ပဲ ရှိသေးပြီး တန်ဖိုးကြီး Electric 7 Series လို့ထင်ရတဲ့ ကားထဲမှာ ထည့်သွင်းပြသခဲ့တာပါ။ Screen ကို ကား မျက်နှာကျက်မှာ တပ်ဆင်ထားပြီး အသုံးပြုမယ်ဆိုရင် အောက်ကို ကျလာမှာပါ။ 8K Resolution (8000×2000) ရှိပြီး 16:9, 21:9 နဲ့ 32:9 Aspect Ratio တွေ ထောက်ပံ့ထားပါတယ်။ အဲဒီစနစ်မှာ နောက်ဆုံးပေါ်  Video Streaming ဝန်ဆောင်မှု အများစုကို သုံးနိုင်တဲ့ Fire OS နဲ့ Fire TV Apps တွေကို ထောက်ပံ့ထားပြီး 5G ဆက်သွယ်မှု ပါပါတယ်။

BMW shows off huge 31-inch in-car screen to keep backseat passengers  entertained - The Verge

၃၁ လက်မ Panel ဟာ ထိတွေ့မျက်နှာပြင် ဖြစ်ပြီး ကား အနောက်ဘက် တံခါးတွေမှာ အရွယ်သေး Touchpad Controls တွေ ထည့်သွင်းထားပါတယ်။ BMW Theatre Screen မှာ Bowers & Wilkins က စပီကာ ၃၀ ကို အသုံးပြုထားကာ အသံပတ်လည်ပြေးစနစ်ကို ထောက်ပံ့ထားပါတယ်။ ကား အနောက်ဘက် ထိုင်ခုံက စပီကာတွေကိုလည်း အသုံးချကာ အသံတုန်ခါမှုတွေနဲ့ သဘာဝ အသံတွေကို ဖန်တီးပေးတဲ့အတွက် BMW က 4D အသံစနစ်လို့ ပြောပါတယ်။

BMW က တကယ့် ရုပ်ရှင်ရုံနဲ့ တူညီစေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြောပြထားပါသေးတယ်။ Screen ဟာ မျက်နှာကျက်ကနေ ကျလာတဲ့အခါမှာ ကားပြတင်းပေါက်ကနေ အလင်းဝင်တာကို ကာကွယ်ပေးမှာ ဖြစ်သလို ကားအနောက်ခန်းက မီးကိုလည်း ပိတ်ပေးမှာပါ။

BMW က Theatre Screen ဖျော်ဖြေရေး စနစ်ကို ရောင်းချမယ့်အချိန်နဲ့ ဈေးနှုန်းကို မပြောသေးပေမယ့် မကြာခင် ထုတ်လုပ်မယ့် ကားတွေမှာ ထည့်သွင်းရောင်းချနိုင်တယ်လို့ ပြောပါတယ်။

Ref : gizmochina