Zawgyi

Mobile Legends: Bang Bang ဂိမ္းရဲ႕ ပထမဆုံးအႀကိမ္ M1 World Championship ၿပိဳင္ပြဲႀကီးကေတာ့ ၿပီးဆုံးသြားခဲ့ပါၿပီ။ ဒီၿပိဳင္ပြဲမွာ အင္ဒုိနီးရွား MPL ခ်န္ပီယံျဖစ္တဲ့ Evos Legends ကပဲ ပထမေနရာကို ဆြတ္ခူးသြားခဲ့ၿပီး ျမန္မာ့ကိုယ္စားျပဳ Burmese Ghouls အသင္းက စတုတၳေနရာနဲ႔ ေက်နပ္ခဲ့ရပါတယ္။

ဒီၿပိဳင္ပြဲမွာ တုိက္ရုိက္ဖိတ္ေခၚအသင္းရွစ္သင္းနဲ႔ လက္ရည္စစ္ပြဲေအာင္ အသင္းရွစ္သင္း ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ျမန္မာႏုိင္ငံက MPL MM S3 မွာအႏုိင္ရရွိခဲ့တဲ့ Burmese Ghouls တစ္သင္းသာ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ရတာပါ။ ဒါေပမယ့္ အသင္းရဲ႕အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ RubyDD ဟာ ႏုိင္ငံကူးလက္မွတ္ျပဳလုပ္ရာမွာ အခက္အခဲၾကဳံခဲ့တာေၾကာင့္ မလုိက္ပါႏုိင္ခဲ့ဘဲ အသင္းရဲ႕နည္းျပျဖစ္သူ PVNDV က အစားထိုးဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရတာပါ။

M1 World Championship ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ Burmese Ghouls လူစာရင္းကေတာ့ BG.ACE007, BG.Kid001, BG.PVNDV, BG.MayBe, BG.ICEICE နဲ႔ Coach အျဖစ္ BG.CG-0 တုိ႔ျဖစ္ပါတယ္။

အုပ္စုအဆင့္မွာ အေမရိကန္အသင္း Gosu, လာအုိအသင္း Candy Comeback နဲ႔ အိမ္ရွင္မေလးအသင္း Axis တုိ႔ကို သုံးပြဲလုံး ႏွစ္ပြဲျပတ္နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ Burmese Ghouls အသင္းဟာ ရႈံးထြက္အဆင့္ကို Upper Bracket ကေန စကစားရၿပီး ၿပိဳင္ပြဲရဲ႕ ထိပ္ဆုံးေျခာက္သင္း Top 6 အဆင့္ကို ရရွိခဲ့တာပါ။

ရႈံးထြက္ပထမအဆင့္မွာ အခုခ်န္ပီယံျဖစ္သြားတဲ့ Evos Legends နဲ႔ေစာစီးစြာေတြ႕ဆုံခဲ့ရတာေၾကာင့္ ရႈံးနိမ့္ခဲ့ရၿပီး Lower Bracket ကိုေရာက္ခဲ့ရပါတယ္။ အဲ့ဒီေနာက္ Lower Bracket မွာ ဖိလစ္ပိုင္အသင္း Sunsparks ကို ၂ – ၁ ရလဒ္နဲ႔ အႏုိင္ရရွိကာ ေနာက္တစ္ဆင့္ထပ္တက္ႏုိင္ခဲ့ေပမယ့္ အိမ္ရွင္မေလးရွားအသင္းပဲျဖစ္တဲ့ MPL MY/SG လက္ရွိခ်န္ပီယံ Todak ကို အရႈံးေပးခဲ့ရတာေၾကာင့္ စတုတၳနဲ႔ ေက်နပ္ခဲ့ရတာပါ။

M1 World Championship ရဲ႕ဗုိလ္လုပြဲမွာ အင္ဒိုအသင္းႏွစ္သင္းျဖစ္တဲ့ Evos Legends နဲ႔ RRQ တုိ႔ ေတြ႕ဆုံခဲ့ၿပီး Evos အသင္းက ၄ – ၃ ရလဒ္နဲ႔ အႏုိင္ရရွိဗုိလ္စြဲခဲ့ပါတယ္။ ျမန္မာအသင္း Burmese Ghouls ကေတာ့ လူမစုံေပမယ့္ အေကာင္းဆုံးယွဥ္ၿပိဳင္ခဲ့ၿပီး တစ္ကမာၻလုံးက အေကာင္းဆုံး ML အသင္း ၁၆ သင္းပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ M1 ၿပိဳင္ပြဲႀကီးမွာ စတုတၳေနရာကို ဆြတ္ခူးေပးခဲ့ပါတယ္။

Unicode

Mobile Legends: Bang Bang ဂိမ်းရဲ့ ပထမဆုံးအကြိမ် M1 World Championship ပြိုင်ပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ အင်ဒိုနီးရှား MPL ချန်ပီယံဖြစ်တဲ့ Evos Legends ကပဲ ပထမနေရာကို ဆွတ်ခူးသွားခဲ့ပြီး မြန်မာ့ကိုယ်စားပြု Burmese Ghouls အသင်းက စတုတ္ထနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။

ဒီပြိုင်ပွဲမှာ တိုက်ရိုက်ဖိတ်ခေါ်အသင်းရှစ်သင်းနဲ့ လက်ရည်စစ်ပွဲအောင် အသင်းရှစ်သင်း ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံက MPL MM S3 မှာအနိုင်ရရှိခဲ့တဲ့ Burmese Ghouls တစ်သင်းသာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါပေမယ့် အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ RubyDD ဟာ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ အခက်အခဲကြုံခဲ့တာကြောင့် မလိုက်ပါနိုင်ခဲ့ဘဲ အသင်းရဲ့နည်းပြဖြစ်သူ PVNDV က အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာပါ။

M1 World Championship ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Burmese Ghouls လူစာရင်းကတော့ BG.ACE007, BG.Kid001, BG.PVNDV, BG.MayBe, BG.ICEICE နဲ့ Coach အဖြစ် BG.CG-0 တို့ဖြစ်ပါတယ်။

အုပ်စုအဆင့်မှာ အမေရိကန်အသင်း Gosu, လာအိုအသင်း Candy Comeback နဲ့ အိမ်ရှင်မလေးအသင်း Axis တို့ကို သုံးပွဲလုံး နှစ်ပွဲပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် Burmese Ghouls အသင်းဟာ ရှုံးထွက်အဆင့်ကို Upper Bracket ကနေ စကစားရပြီး ပြိုင်ပွဲရဲ့ ထိပ်ဆုံးခြောက်သင်း Top 6 အဆင့်ကို ရရှိခဲ့တာပါ။

ရှုံးထွက်ပထမအဆင့်မှာ အခုချန်ပီယံဖြစ်သွားတဲ့ Evos Legends နဲ့စောစီးစွာတွေ့ဆုံခဲ့ရတာကြောင့် ရှုံးနိမ့်ခဲ့ရပြီး Lower Bracket ကိုရောက်ခဲ့ရပါတယ်။ အဲ့ဒီနောက် Lower Bracket မှာ ဖိလစ်ပိုင်အသင်း Sunsparks ကို ၂ – ၁ ရလဒ်နဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့်ထပ်တက်နိုင်ခဲ့ပေမယ့် အိမ်ရှင်မလေးရှားအသင်းပဲဖြစ်တဲ့ MPL MY/SG လက်ရှိချန်ပီယံ Todak ကို အရှုံးပေးခဲ့ရတာကြောင့် စတုတ္ထနဲ့ ကျေနပ်ခဲ့ရတာပါ။

M1 World Championship ရဲ့ဗိုလ်လုပွဲမှာ အင်ဒိုအသင်းနှစ်သင်းဖြစ်တဲ့ Evos Legends နဲ့ RRQ တို့ တွေ့ဆုံခဲ့ပြီး Evos အသင်းက ၄ – ၃ ရလဒ်နဲ့ အနိုင်ရရှိဗိုလ်စွဲခဲ့ပါတယ်။ မြန်မာအသင်း Burmese Ghouls ကတော့ လူမစုံပေမယ့် အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးက အကောင်းဆုံး ML အသင်း ၁၆ သင်းပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ M1 ပြိုင်ပွဲကြီးမှာ စတုတ္ထနေရာကို ဆွတ်ခူးပေးခဲ့ပါတယ်။