ကနေဒီယန်နိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံသားတွေထက် Cryptocurrencies ကို အသုံးပြုလိုမှု၊ ရင်းနှီးမြှုပ်နှံလိုမှု နည်းပါးနေကြောင်း ပြီးခဲ့တဲ့အင်္ဂါနေ့ကထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုကဖော်ပြနေပါတယ်။ ဒီစစ်တမ်းကို ကနေဒါနိုင်ငံမှာ ကောက်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ကနေဒါနိုင်ငံသား ၁၈ ရာခိုင်နှုန်းနဲ့နှိုင်းယှဉ်ရင် အမေရိကန်နိုင်ငံသား ၂၄ ရာခိုင်နှုန်းက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေဝယ်ယူဖို့ Bitcoin ဒါမှမဟုတ် အခြားသော Cryptocurrencies ကို အသုံးပြုမှာဖြစ်တယ်လို့ သုတေသနပရောဂျက်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ကောက်ယူထားတဲ့ Ipsos စစ်တမ်းအရ သိရှိရပါတယ်။

Cross-border banking fees ကို ရှောင်ဖို့အတွက် Cryptocurrencies ကို အသုံးပြုတဲ့နှုန်းမှာ အမေရိကန်နိုင်ငံသားက ၁၉ ရာခိုင်နှုန်းနဲ့ ကနေဒါနိုင်ငံသားက ၁၄ ရာခိုင်နှုန်းရှိပြီး၊ အမေရိကန်နိုင်ငံသား ၁၇ ရာခိုင်နှုန်းနဲ့ ကနေဒါနိုင်ငံသား ၁၁ ရာခိုင်နှုန်းဟာ ကြွယ်ဝမှုအတွက် ပေးဆောင်ရမဲ့အခွန်ကို ရှောင်ဖို့အတွက်သုံးလိုကြပါတယ်။ နိုင်ငံနယ်နိမိတ်အတွင်း ငွေလွှဲပို့မှုတွေပြုလုပ်ဖို့အတွက်တော့ အမေရိကန်က ၁၄ ရာခိုင်နှုန်းနဲ့ ကနေဒါက ၁၁ ရာခိုင်နှုန်းတို့ ဖြစ်ကြပါတယ်။

လက်ရှိဖော်ပြထားတဲ့ အချိုးအစားဟာ ဥရောပက စစ်တမ်းကောက်ယူမှုတွေနဲ့ ဆင်တူတယ်ဆိုပေမဲ့ လက်တင်အမေရိက၊ အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက စတဲ့ဒေသတွေနဲ့နှိုင်းယှဉ်ရင်တော့ သိသိသာသာ နည်းပါးနေတာလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက ၃၅ ရာခိုင်နှုန်းသော အင်တာနက်အသုံးပြုသူတွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ အမေရိကန်ရဲ့ ၂၄ ရာခိုင်နှုန်းနဲ့ ကနေဒါရဲ့ ၁၇ ရာခိုင်နှုန်း တို့ကပဲ Bitcoin နဲ့ အခြားအမျိုးအစားတွေမှာ ကာလတို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြတယ်လို့ သိရပါတယ်။

Ref: Global News