[Zawgyi]

၂၀၁၉ ခုႏွစ္ကုန္ဆုံးဖို႔နီးလာခ်ိန္မွာေတာ့ စမတ္ဖုန္းကုမၸဏီႀကီးေတြရဲ႕ 5G ေျခလွမ္းေတြက ပိုၿပီးေတာ့ စိပ္လာခဲ့ၿပီျဖစ္ပါတယ္။ အဓိကကုမၸဏီႀကီးအခ်ိဳ႕က 5G flagship ေတြကို ထုတ္လုပ္ထားႏွင့္ၿပီးျဖစ္ေပမယ့္ တကယ္တမ္း ေဈးကြက္ရဲ႕ လိုအပ္ခ်က္ကို အျပည့္အဝျဖည့္တင္းေပးဖို႔ မလုံေလာက္ေသးပါဘူး။

တ႐ုတ္ရဲ႕ အဓိက Carriers ေတြဟာ သူတို႔ရဲ႕ 5G ကြန္ရက္ကို အေရးပါတဲ့နယ္ေျမေတြမွာ ျဖန႔္က်က္လိုက္ၿပီ ျဖစ္ပါတယ္။ ကြန္ရက္ျဖန႔္က်က္မႈနယ္ေျမေတြကို ေဖာ္ျပခဲ့သလို အလားတူပဲ 5G ကြန္ရက္ေတြကိုအသုံးျပဳႏိုင္မယ့္ စမတ္ဖုန္းအမ်ိဳးအစားေတြကိုပါ ထည့္သြင္းေဖာ္ျပမႈျပဳလုပ္ခဲ့ပါတယ္။ ဒီစာရင္းထဲမွာ ေၾကညာရျခင္းမရွိေသးတဲ့ 5G စမတ္ဖုန္း တစ္လုံးလည္း ပါဝင္လာပါတယ္။

Honor V30 ဟာ တရားဝင္ေၾကညာရျခင္း မရွိေသးေပမယ့္ ပကတိျပင္ပ႐ုပ္ပုံကိုေတာ့ ေပါက္ၾကားခဲ့ၿပီ ျဖစ္ပါတယ္။ စာရင္းထဲမွာ ထပ္ၿပီးျမင္ေတြ႕ရတာကေတာ့ Honor V30 5G, V30 Pro 5G, Magic 3 5G နဲ႔ Huawei nova 6 Pro 5G စတာေတြပဲ ျဖစ္ပါတယ္။ Carrier ေတြဆီက စာရင္းေၾကာင့္ အခုျမင္ေတြ႕ရတဲ့ စမတ္ဖုန္းေတြကို အတည္ျပဳခ်က္ေပးလိုက္သလိုပဲ ျဖစ္ပါတယ္။

Honor V30 ကေတာ့ Kirin 990 နဲ႔လာၿပီး 5G အမ်ိဳးအစားျဖစ္မယ္ဆိုတာကို ေဖာ္ျပခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ 4G အမ်ိဳးအစားလည္း တစ္ပါတည္း ထြက္ေပၚလာႏိုင္ပါတယ္။ ေပါက္ၾကားလာတဲ့ ပကတိ႐ုပ္ပုံအရ အေရွ႕ဘက္မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္အေပၚေထာင့္မွာ ကင္မရာႏွစ္လုံးတပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ ခန႔္မွန္းရသေလာက္ကေတာ့ LCD IPS panel ျဖစ္ႏိုင္ပါတယ္။ က်န္တဲ့အေသးစိတ္အခ်က္အလက္ေတြလည္း သိပ္မၾကာခင္ ေပါက္ၾကားလာဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

Honor V30 အပါအဝင် 5G စမတ်ဖုန်းအချို့ကို တရုတ် Carrier Listing အရ အတည်ပြုနိုင်ပြီ

၂၀၁၉ ခုနှစ်ကုန်ဆုံးဖို့နီးလာချိန်မှာတော့ စမတ်ဖုန်းကုမ္ပဏီကြီးတွေရဲ့ 5G ခြေလှမ်းတွေက ပိုပြီးတော့ စိပ်လာခဲ့ပြီဖြစ်ပါတယ်။ အဓိကကုမ္ပဏီကြီးအချို့က 5G flagship တွေကို ထုတ်လုပ်ထားနှင့်ပြီးဖြစ်ပေမယ့် တကယ်တမ်း ဈေးကွက်ရဲ့ လိုအပ်ချက်ကို အပြည့်အဝဖြည့်တင်းပေးဖို့ မလုံလောက်သေးပါဘူး။

တရုတ်ရဲ့ အဓိက Carriers တွေဟာ သူတို့ရဲ့ 5G ကွန်ရက်ကို အရေးပါတဲ့နယ်မြေတွေမှာ ဖြန့်ကျက်လိုက်ပြီ ဖြစ်ပါတယ်။ ကွန်ရက်ဖြန့်ကျက်မှုနယ်မြေတွေကို ဖော်ပြခဲ့သလို အလားတူပဲ 5G ကွန်ရက်တွေကိုအသုံးပြုနိုင်မယ့် စမတ်ဖုန်းအမျိုးအစားတွေကိုပါ ထည့်သွင်းဖော်ပြမှုပြုလုပ်ခဲ့ပါတယ်။ ဒီစာရင်းထဲမှာ ကြေညာရခြင်းမရှိသေးတဲ့ 5G စမတ်ဖုန်း တစ်လုံးလည်း ပါဝင်လာပါတယ်။

Honor V30 ဟာ တရားဝင်ကြေညာရခြင်း မရှိသေးပေမယ့် ပကတိပြင်ပရုပ်ပုံကိုတော့ ပေါက်ကြားခဲ့ပြီ ဖြစ်ပါတယ်။ စာရင်းထဲမှာ ထပ်ပြီးမြင်တွေ့ရတာကတော့ Honor V305G, V30 Pro 5G, Magic 3 5G နဲ့ Huawei nova 6 Pro 5G စတာတွေပဲ ဖြစ်ပါတယ်။ Carrier တွေဆီက စာရင်းကြောင့် အခုမြင်တွေ့ရတဲ့ စမတ်ဖုန်းတွေကို အတည်ပြုချက်ပေးလိုက်သလိုပဲ ဖြစ်ပါတယ်။

Honor V30 ကတော့ Kirin 990 နဲ့လာပြီး 5G အမျိုးအစားဖြစ်မယ်ဆိုတာကို ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် 4G အမျိုးအစားလည်း တစ်ပါတည်း ထွက်ပေါ်လာနိုင်ပါတယ်။ ပေါက်ကြားလာတဲ့ ပကတိရုပ်ပုံအရ အရှေ့ဘက်မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ ကင်မရာနှစ်လုံးတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ခန့်မှန်းရသလောက်ကတော့ LCD IPS panel ဖြစ်နိုင်ပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေလည်း သိပ်မကြာခင် ပေါက်ကြားလာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena