Digital Camera တွေရဲ့ဈေးကွက်ကို စမတ်ဖုန်းတွေက ဝါးမျိုးသွားတာ အချိန်တစ်ခုကြာခဲ့ပါပြီ။ Digital Camera နဲ့ပတ်သက်လို့ Casio ကိုမှတ်မိဦးမယ်ထင်ပါတယ်။ Casio ကတော့ Digital Camera လောကကို အရှုံးပေးတော့မယ်လို့ သတင်းတွေထွက်နေပါတယ်။

Digital နရီတွေ၊ ဂဏန်းတွက်စက်တွေကနေ ဘောင်းဘီအိတ်ကတ်ထဲထည့်သယ်သွားလို့ရတဲ့ ခရီးဆောင် Digital Camera လေးတွေနဲ့ပတ်သက်လို့ လူသိများခဲ့တဲ့ Casio ကတော့ Digital Camera လောကကနေ အနားယူတော့မှာဖြစ်ပါတယ်။ Japanese Website တစ်ခုဖြစ်တဲ့ Nikkei မှာတော့ Casio က Digital Camera ထုတ်လုပ်မှုကိုရပ်တန့်နေပြီလို့ ရေးသားထားပါတယ်။ Digital Camera တွေအစား ပိုအဆင့်မြင့်တဲ့ Camera ထုတ်လုပ်မှုအပိုင်းကိုပဲ အာရုံစိုက်သွားမယ်လို့လည်း သိရပါတယ်။

Digital Camera တွေရဲ့ဝယ်လိုအားကလည်း သိသိသာသာလျော့ကျလာတာကြောင့်ာင့် Casio အနေနဲ့အခုလို ရပ်နားရတာပဲဖြစ်ပါတယ်။ အခုလိုရပ်နားလိုက်ရတာကြောင့် ကုမ္ပဏီရဲ့ဝင်ငွေပမာဏကတော့ လျော့နည်းသွားမှာဖြစ်ပါတယ်။ Casio နာမည်ရလာခဲ့တာကတော့ Digital Camera ခေတ်တုန်းကဖြစ်ခဲ့ပြီး Selfie ရိုက်ဖို့အတွက် ကင်မရာအသေးစားလေးတွေပါ ထုတ်လုပ်ခဲ့ပါသေးတယ်။

2012 နဲ့ 2013 လောက်ကစလို့ စမတ်ဖုန်းတွေမှာပါတဲ့ ကင်မရာတွေက ခရီးသွားရင်းအမှတ်တရ ရိုက်ဖို့အတွက် လုံလောက်တဲ့အဆင့်ကိုရောက်လာခဲ့ပြီးနောက်ပိုင်း Digital Camera တွေကို အလေးခံပြီး ဝယ်မသုံးကြတော့ပါဘူး။ အခုနောက်ပိုင်းမှာတော့ Mirrorless Camera တွေက အရင်က Digital Camera တွေနဲ့ အရွယ်အစားအများကြီးမကွာတော့တာကြောင့်ကြာင့် ငွေကြေးတတ်နိုင်သူတွေကတော့ Digital Camera တွေကိုမဝယ်ကြတော့ပဲ Mirrorless တွေကိုပဲ ခရီးဆောင်အဖြစ်သုံးလာကြပါပြီ။ ဖုန်းနဲ့ပဲကျေနပ်သူတွေကတော့ ဖုန်းကောင်းကောင်းတစ်လုံးနဲ့ပဲ ခရီးမှတ်တမ်းတင်ကြပါတယ်။