သုတေသန ပညာရှင်တွေက တရုတ်ဟာ တစ်ကမ္ဘာလုံးကို အင်တာနက် ထုတ်လွှင့်ပေးဖို့ ကမ္ဘာပတ်လမ်းကြောင်းမှာ ဂြိုလ်တုများစွာကို လွှတ်တင်ဖို့ ရည်ရွယ်ထားပြီး Elon Musk ရဲ့ Starlink ကို ယှဉ်ပြိုင်မှာလို့ ပြောပါတယ်။

What is Satellite Internet and How does It Work? — Techslang

အဲဒီ စီမံကိန်းရဲ့ လျှို့ဝှက်အမည်က GW ဖြစ်တယ်လို့ ဘေဂျင်းက  People’s Liberation Army’s (PLA) Space Engineering University မှ တွဲဖက်ပါမောက္ခ Xu Can က ပြောပါတယ်။ ဒါပေမယ့် GW ရဲ့ အရှည်ကို မသိရသေးပါဘူး။

GW မှာ China Satellite Network Group Co က ထုတ်လုပ်တဲ့ ဂြိုလ်တု ၁၂,၉၉၂ ခု ပါဝင်မှာ ဖြစ်ပြီး Xu နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီလ ၁၅ ရက်နေ့မှာ ထုတ်ဝေတဲ့ Chinese journal Command Control and Simulation မှာ အဲဒီဂြိုလ်တုတွေအကြောင်း ရေးသားထားပါတယ်။

Facebook Confirms It's Working on a New Internet Satellite | WIRED

ဂြိုလ်တုတွေ လွှတ်တင်မယ့် အချိန်ကို မသိရသေးပေမယ့် ဂြိုလ်တု အရေအတွက်ဟာ SpaceX ၂၀၂၇ ခုနှစ်အရောက်မှာ လွှတ်တင်မယ့် ဂြိုလ်တု ၁၂,၀၀၀ ထက် ပိုများမှာပါ။

Xu ရဲ့ အဖွဲ့က GW ရဲ့ ဂြိုလ်တုတွေကို လျှင်မြန်စွာ လွှတ်တင်နိုင်ပြီး Starlink ဂြိုလ်တုတွေ မရောက်သေးတဲ့ နေရာတွေကိုပါ ဖြန့်ကျက်နိုင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ Starlink ဟာ ကမ္ဘာပတ်လမ်းကြောင်းမှာ ဂြိုလ်တု ၃,၀၀၀ ကျော် လွှတ်တင်ထားပြီး ၄၀,၀၀၀ အထိ များပြားလာနိုင်တယ်လို့ SpaceX က ပြောထားပါတယ်။

Ref : bangkokpost