ပြီးခဲ့တဲ့နှစ်တွေအတွင်း လျှပ်စစ်ကား နယ်ပယ်ဟာ လျှင်မြန်စွာ တိုးတက်လာခဲ့ပြီး လျှပ်စစ်ကား အသုံးပြုမှု ပိုမို များပြားလာပါတယ်။ လျှပ်စစ်ကားတွေ များပြားလာသလို လျှပ်စစ်ကား အားသွင်း Station တွေလည်း များပြားလာပါတယ်။

Total Public EV Charging Stations Nationwide in China for each month

ကမ္ဘာ့ အကြီးမားဆုံး လျှပ်စစ်ကား ဈေးကွက် ဖြစ်တဲ့ တရုတ်မှာ နေရာမရွေး လျှပ်စစ်ကားတွေ မောင်းနှင်နိုင်အောင် အားသွင်း Station များစွာကို တည်ဆောက်ခဲ့ကြပါတယ်။ အခုဆိုရင် တရုတ်ဟာ လျှပ်စစ်ကား အားသွင်း Station ပေါင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။

EV Charging Stations in China 1

China Electric Vehicle Charging Infrastructure Promotion Alliance (EVCIPA) က တရုတ်မှာ မေလ ၁ လထဲအတွင်း အားသွင်း Station ပေါင်း ၈၇,၀၀၀ ကို တည်ဆောက်နိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အားသွင်း Station ပေါင်း ၆၀.၅ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မေလအထိ တရုတ်မှာ အားသွင်း Station ပေါင်း ၁.၄၁၉ သန်း တည်ဆောက်ထားပြီးပြီလို့ EVCIPA က ပြောပါတယ်။ EVCIPA က အားသွင်း Station အများဆုံး ရှိတဲ့ ပြည်နယ် ၁၀ ခုနဲ့ အားသွင်း Station အရေအတွက်စာရင်းကိုလည်း ထုတ်ပြန်ခဲ့ပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

  1. Guangdong – 281,000 units
  2. Shanghai – 109,000 units
  3. Jiangsu – 107,000 units
  4. Zhejiang – 103,000 units
  5. Beijing – 102,000 units
  6. Hubei – 81,000 units
  7. Shandong – 71,000 units
  8. Anhui – 67,000 units
  9. Henan – 55,000 units
  10. Fujian – 51,000 units

Ref : gizmochina