Edinburgh University နဲ့ Trinity College Dublin တို့ရဲ့ သုတေသန စစ်တမ်း အသစ်အရ တရုတ် Android စမတ်ဖုန်းတွေမှာ ပြဿနာတွေ ရှိနေပါတယ်။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်တဲ့ တရုတ်မှာ Android Device ဟာ ၇၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ အခု သုတေသနစစ်တမ်းအရ OnePlus, Xiaomi, OPPO နဲ့ realme ကုမ္ပဏီတွေဟာ User တွေကို အသိမပေးဘဲ ကိုယ်ရေးကိုယ်တာ ဒေတာများစွာကို ကောက်ယူ လွှဲပြောင်းပေးနေပါတယ်။

Silver Linings in the Gloomy Chinese Smartphone Market - Counterpoint Research

အဲဒီဖုန်းတွေမှာ System နဲ့ Vendor App များစွာ ကြိုတင်ထည့်သွင်းထားပြီး Permission တွေကို Default အနေနဲ့ ခွင့်ပြုပေးထားပါတယ်။ အဲဒီ App တွေဟာ User Profile, Location နဲ့ လူမှုကွန်ရက်က သတင်းအချက်အလက်တွေကို ရယူနေကြပါတယ်။ Cloud Storage , Third-party Services တွေကို မသုံးသူတွေတောင် Device Identifiers , GPS Coordinates, App Usage Patterns, Call & SMS History နဲ့ Contact Number တွေကို ရယူခြင်းခံနေရပါတယ်။ ဒီလို ဒေတာတွေ ရယူနေတာကို User တွေအား အသိမပေးသလို ရှောင်လွှဲနိုင်တဲ့ နည်းလမ်းလည်း မရှိပါဘူး။

MIUI

အခု သုတေသနကို တရုတ်မှာ ရောင်းတဲ့ Device တွေမှာ စမ်းသပ်ခဲ့တာ ဖြစ်တဲ့အတွက် နိုင်ငံတကာက ဖုန်းတွေအတွက် အကျုံးမဝင်ပါဘူး။ ဒါပေမယ့် တရုတ်မှာ ဝယ်ထားတဲ့ ဖုန်းကို နိုင်ငံခြားယူသွားရင်တောင် ဒေတာတွေကို ကောက်ယူနေကြပါတယ်။

တရုတ်က ဖုန်းတွေမှာ နိုင်ငံတကာက ဖုန်းတွေထက် Third-party App တွေ ပိုများစွာ ကြိုတင်ထည့်သွင်းထားပြီး Permission တွေကိုလည်း ၈ ဆ ကနေ ၁၀ ဆအထိ ပိုမိုခွင့်ပြုပေးထားပါတယ်။ အဲဒီလိုလုပ်တာကို ဥရောပနဲ့ တခြားနိုင်ငံတွေမှာ ပိတ်ပင်ထားပေမယ့် တရုတ်မှာ ပြုလုပ်လို့ရနေပါတယ်။

Ref : gizmochina