5G ဝန်ဆောင်မှုပေးနေတာ ၆ လတောင် မရှိသေးတဲ့ အချိန်မှာ China Mobile ဟာ 5G သုံးသူ သန်း ၅၀ ကျော်ရထားပြီးပြီ ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး 5G Operator ဖြစ်လာပါတယ်။ China Mobile က ဒီနှစ်ထဲမှာ သန်း ၁၀၀ ရအောင်ကြိုးစားမယ်လို့ ပြောပြီး တရုတ်ရဲ့ မြို့ကြီးတွေမှာ Base Station ၃ သိန်းကျော် တည်ဆောက်မှာပါ။

China Mobile Ecosystem Partner Conference မှာ China Mobile ရဲ့ အရာရှိ ၁ ယောက်က 5G Base Station ၁၂.၄ သန်းကျော် တည်ဆောက်ပြီးပြီ ဖြစ်ပြီး မြို့ ၅၆ ခုမှာ သုံးနိုင်ပြီလို့ ပြောပါတယ်။ သုံးသူ သန်း ၅၀ ကျော်သွားတဲ့ ကမ္ဘာ့ ပထမဆုံး 5G Operator ဖြစ်လာပါတယ်။ ၂၀၂၀ ခုနှစ်မှာ 5G ကွန်ရက်ကို ပိုမို အားကောင်းအောင် တည်ဆောက်မှာ ဖြစ်ပြီး အဆင့်မြင့် နည်းပညာတွေကို အသုံးပြုမှာပါ။ ၁ နိုင်ငံလုံးမှာ 5G ကွန်ရက် လွှမ်းခြုံနိုင်အောင် ကြိုးစားမှာ ဖြစ်ပြီး အရည်အသွေး မြင့်တဲ့ 5G ကွန်ရက် ဖြစ်အောင် ဖန်တီးကြမှာ ဖြစ်ပါတယ်။ China Mobile ဟာ ဒီနှစ်ကုန်မှာ 5G Base Station ပေါင်း သန်း ၃၀ ကျော်ကို ဖွံ့ဖြိုးပြီးတဲ့ မြို့တွေမှာ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။

China Mobile ဟာ 5G စီမံကိန်းမှာ ယွမ် ၁၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမှာ ဖြစ်ပါတယ်။ တရုတ် အစိုးရက ဈေးနှုန်းသက်သာတဲ့ 5G စမတ်ဖုန်းတွေ ထုတ်လုပ်ပေးဖို့ နဲ့ သုတေသန လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံကြဖို့ ကုမ္ပဏီတွေကို တောင်းဆိုထားပါတယ်။ Telecom Operator တွေကိုလည်း Data ဈေးနှုန်းတွေ လျှော့ချပေးဖို့ ပြောထားပါတယ်။

Ref : gizchina