တရုတ်နိုင်ငံမှာ နိုင်ငံတွင်း အဌားယာဉ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Didi Chuxing ကနေ ပထမဆုံးအနေနဲ့ နိုင်ငံခြားကို ဖြန့််ကျက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ အဆိုပါနိုင်ငံကတော့ Mexico နိုင်ငံပဲဖြစ်ပါတယ်။

Didi Chuxing ကုမ္ပဏီက အခုအချိန်မှာ အခုသတင်းကို သူ့ရဲ့ Website မှာတင်ထားခဲ့တာဖြစ်ပြီးတော့ ယာဉ်မောင်းတွေကို စတင်ရှာဖွေနေပြီပဲဖြစ်ပါတယ်။ အဆိုပါသတင်းအရတော့ Didi Chuxing ဟာ ယခုလကုန်မှာ App ကို စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

Didi Chuxing ကုမ္ပဏီဟာ အခု Mexico နိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ဆောင်ရွက်တဲ့ ပထမဆုံးဖြစ်ပြီးတော့ Didi ရဲ့ ပြောကြားချက်အရတော့ ဂျွန်လ ၁၇ ရက်နေ့ ၂၀၁၈ မတိုင်ခင်အထိ ယာဉ်မောင်းတွေဆီကနေ Service Fee ရယူသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအချိန်နောက်ပိုင်းမှာတော့ ၂၀ ရာခိုင်နှုန်းကောက်ခံမှာပါ။

Uber ကလည်း အရှေ့တောင်အာရှနိုင်ငံတွေကနေ ထွက်ခွာသွားပြီဆိုတော့ China Taxi App တွေက နေရာယူလာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။