[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္တုန္းက တ႐ုတ္ႏိုင္ငံေဈးကြက္တြင္းမွာ အေျခအေနမေကာင္းခဲ့တဲ့ Apple အေၾကာင္းကို သတင္းအေတာ္မ်ားမ်ားက ေဖာ္ျပခဲ့ၾကၿပီး ျဖစ္ပါလိမ့္မယ္။ အေမရိကန္နဲ႔တ႐ုတ္တို႔ျဖစ္ပြားေနတဲ့ ကုန္သြယ္ေရးစစ္ၾကားမွာ စစ္ေဘးသင့္သြားတဲ့ ကုမၸဏီေတြကို ျပပါဆိုရင္ေတာ့ Apple နဲ႔ Huawei ကိုပဲ ျပရမွာပါ။

Huawei ကေတာ့ အေမရိကန္ႏိုင္ငံအပါအဝင္ အျခားဥေရာပႏိုင္ငံအခ်ိဳ႕ရဲ႕ လုံၿခဳံေရးဆိုင္ရာ စြပ္စြဲမႈနဲ႔ ပိတ္ပင္မႈေတြေၾကာင့္ ေဘးက်ပ္နံက်ပ္ ျဖစ္ေနခဲ့ရတာပါ။ Apple ကေတာ့ တ႐ုတ္အစိုးရရဲ႕ ပိတ္ပင္ျခင္းမခံရေပမယ့္ တ႐ုတ္ႏိုင္ငံတြင္းက သုံးစြဲသူေတြရဲ႕ ပစ္ပယ္ခံရမႈေၾကာင့္ ေဈးကြက္ေဝစုေတြ သိသိသာသာ က်ဆင္းသြားတာပါ။

Reuters ရဲ႕ ေရးသားေဖာ္ျပမႈမွာေတာ့ ေဒၚလာ ၅၀၀ ကေန ၈၀၀ၾကား တန္ေၾကးရွိ ဖုန္းေတြေရာင္းခ်ျခင္းမွာ Apple ရဲ႕ တ႐ုတ္ေဈးကြက္ေဝစုဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ ၈၁.၂ ရာခိုင္ႏႈန္းကေန ၅၄.၆ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေၾကာင္း ေတြ႕ရပါတယ္။ ဒီအခ်ိန္မွာေတာ့ Huawei ရဲ႕ အလားတူ ေဈးႏႈန္းၾကား ေရာင္းခ်ရတဲ့ ေဈးကြက္ေဝစုဟာ ၈.၈ ရာခိုင္ႏႈန္းကေန ၂၆.၆ ရာခိုင္ႏႈန္းအထိ ခုန္တက္ခဲ့တယ္လို႔ သိရပါတယ္။ ဒီကိန္းဂဏန္းေတြကို ၾကည့္လိုက္ရင္ Apple ရဲ႕ ေဈးကြက္ေဝစုအမ်ားစုဟာ ဘယ္ကိုေရာက္သြားလဲဆိုတာကို ခန႔္မွန္းႏိုင္မွာပဲ ျဖစ္ပါတယ္။

“တ႐ုတ္ႏိုင္ငံတြင္းက စမတ္ဖုန္းဝယ္သူအမ်ားစုက ေဒၚလာ တစ္ေထာင္နဲ႔အထက္ဖုန္းေတြအတြက္ သိပ္ၿပီးေတာ့ ပိုက္ဆံအကုန္မခံခ်င္ၾကပါဘူး” လို႔ ေဈးကြက္သုေတသန ဒါ႐ိုက္တာ Neil Shah က ေျပာပါတယ္။ “ဒီေတာ့ ေဒၚလာ ၈၀၀ေအာက္ ဖုန္းေတြအတြက္ ဟာကြက္ေတြျဖစ္လာၿပီး တ႐ုတ္ကုန္သည္ေတြအတြက္ေတာ့ လက္ႏွစ္ဘက္လုံးနဲ႔ အမိအရ ဆုပ္ကိုင္ထားဖို႔ျဖစ္လာပါတယ္” လို႔ Neil Shah က ထပ္မံေျပာဆိုခဲ့ပါတယ္။

ဒါဟာ ေဈးႏႈန္းေၾကာင့္ပဲေတာ့မဟုတ္ဘူးလို႔ Apple ကအခိုင္အမာေျပာခဲ့ဖူးပါတယ္။ ဟုတ္ပါတယ္။ အဓိက အေၾကာင္းရင္းက iPhone မွာ တ႐ုတ္ကသုံးစြဲသူေတြႀကိဳက္ႏွစ္သက္တဲ့၊ လိုလားတဲ့ Feature ေတြမပါဝင္တာေၾကာင့္၊ အထူးသျဖင့္ ကင္မရာပိုင္းဆိုင္ရာမွာ စိတ္ေက်နပ္မႈမရွိတာေၾကာင့္ ျဖစ္တယ္လို႔လည္း လက္လီေရာင္းခ်သူေတြက ေျပာပါတယ္။

iPhone ဟာ Highest-end ျဖစ္ေပမယ့္လည္း ေက်ာဘက္မွာ ကင္မရာက ႏွစ္လုံးပဲ တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံကလူေတြကေတာ့ ေက်ာဘက္ကင္မရာဆိုရင္ အနည္းဆုံး သုံးလုံး၊ ဒါမွမဟုတ္ သုံးလုံးထက္ပိုတာေတြကိုပဲ ပိုၿပီးႏွစ္သက္ၾကတယ္လို႔ သိရပါတယ္။ ဒီေတာ့ Apple အေနနဲ႔ ကင္မရာပိုင္းဆိုင္ရာကို ျမႇင့္တင္မလား၊ ဒါမွမဟုတ္ မူလအႀကံအစည္ျဖစ္တဲ့ ေဈးႏႈန္းေလွ်ာ့ခ်ျခင္းနဲ႔ပဲ ေျဖရွင္းမလားဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Android Authority

[Unicode]

တရုတ်မှာ ဈေးကွက်ဝေစုတွေ ထိုးကျသွားတဲ့ Apple ဘယ်လိုဖြေရှင်းမလဲ

ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်နိုင်ငံဈေးကွက်တွင်းမှာ အခြေအနေမကောင်းခဲ့တဲ့ Apple အကြောင်းကို သတင်းအတော်များများက ဖော်ပြခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။ အမေရိကန်နဲ့တရုတ်တို့ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ကြားမှာ စစ်ဘေးသင့်သွားတဲ့ ကုမ္ပဏီတွေကို ပြပါဆိုရင်တော့ Apple နဲ့ Huawei ကိုပဲ ပြရမှာပါ။

Huawei ကတော့ အမေရိကန်နိုင်ငံအပါအဝင် အခြားဥရောပနိုင်ငံအချို့ရဲ့ လုံခြုံရေးဆိုင်ရာ စွပ်စွဲမှုနဲ့ ပိတ်ပင်မှုတွေကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ရတာပါ။ Apple ကတော့ တရုတ်အစိုးရရဲ့ ပိတ်ပင်ခြင်းမခံရပေမယ့် တရုတ်နိုင်ငံတွင်းက သုံးစွဲသူတွေရဲ့ ပစ်ပယ်ခံရမှုကြောင့် ဈေးကွက်ဝေစုတွေ သိသိသာသာ ကျဆင်းသွားတာပါ။

Reuters ရဲ့ ရေးသားဖော်ပြမှုမှာတော့ ဒေါ်လာ ၅၀၀ ကနေ ၈၀၀ကြား တန်ကြေးရှိ ဖုန်းတွေရောင်းချခြင်းမှာ Apple ရဲ့ တရုတ်ဈေးကွက်ဝေစုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၈၁.၂ ရာခိုင်နှုန်းကနေ ၅၄.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း တွေ့ရပါတယ်။ ဒီအချိန်မှာတော့ Huawei ရဲ့ အလားတူ ဈေးနှုန်းကြား ရောင်းချရတဲ့ ဈေးကွက်ဝေစုဟာ ၈.၈ ရာခိုင်နှုန်းကနေ ၂၆.၆ ရာခိုင်နှုန်းအထိ ခုန်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် Apple ရဲ့ ဈေးကွက်ဝေစုအများစုဟာ ဘယ်ကိုရောက်သွားလဲဆိုတာကို ခန့်မှန်းနိုင်မှာပဲ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံတွင်းက စမတ်ဖုန်းဝယ်သူအများစုက ဒေါ်လာ တစ်ထောင်နဲ့အထက်ဖုန်းတွေအတွက် သိပ်ပြီးတော့ ပိုက်ဆံအကုန်မခံချင်ကြပါဘူး” လို့ ဈေးကွက်သုတေသန ဒါရိုက်တာ Neil Shah က ပြောပါတယ်။ “ဒီတော့ ဒေါ်လာ ၈၀၀အောက် ဖုန်းတွေအတွက် ဟာကွက်တွေဖြစ်လာပြီး တရုတ်ကုန်သည်တွေအတွက်တော့ လက်နှစ်ဘက်လုံးနဲ့ အမိအရ ဆုပ်ကိုင်ထားဖို့ဖြစ်လာပါတယ်” လို့ Neil Shah က ထပ်မံပြောဆိုခဲ့ပါတယ်။

ဒါဟာ ဈေးနှုန်းကြောင့်ပဲတော့မဟုတ်ဘူးလို့ Apple ကအခိုင်အမာပြောခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ အဓိက အကြောင်းရင်းက iPhone မှာ တရုတ်ကသုံးစွဲသူတွေကြိုက်နှစ်သက်တဲ့၊ လိုလားတဲ့ Feature တွေမပါဝင်တာကြောင့်၊ အထူးသဖြင့် ကင်မရာပိုင်းဆိုင်ရာမှာ စိတ်ကျေနပ်မှုမရှိတာကြောင့် ဖြစ်တယ်လို့လည်း လက်လီရောင်းချသူတွေက ပြောပါတယ်။

iPhone ဟာ Highest-end ဖြစ်ပေမယ့်လည်း ကျောဘက်မှာ ကင်မရာက နှစ်လုံးပဲ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလူတွေကတော့ ကျောဘက်ကင်မရာဆိုရင် အနည်းဆုံး သုံးလုံး၊ ဒါမှမဟုတ် သုံးလုံးထက်ပိုတာတွေကိုပဲ ပိုပြီးနှစ်သက်ကြတယ်လို့ သိရပါတယ်။ ဒီတော့ Apple အနေနဲ့ ကင်မရာပိုင်းဆိုင်ရာကို မြှင့်တင်မလား၊ ဒါမှမဟုတ် မူလအကြံအစည်ဖြစ်တဲ့ ဈေးနှုန်းလျှော့ချခြင်းနဲ့ပဲ ဖြေရှင်းမလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref: Android Authority