တရုတ် တက္ကသိုလ် ၁ ခုရဲ့ သုတေသန အဖွဲ့ က တီထွင်ထားတဲ့ ဒရုန်းဟာ အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့အတွက် ဂင်းနစ် ကမ္ဘာ့ စံချိန်တင်လိုက်ပါတယ်။ Beijing University of Aeronautics and Astronautics ခေါ် Beihang University က သုတေသန ပညာရှင်တွေနဲ့ ကျောင်းသားတွေဟာ ငှက် ပုံသဏ္ဍာန် ဒရုန်းကို ၁ နာရီ ၃၀ မိနစ်နဲ့ ၄.၉၈ စက္ကန့်ကြာ ပျံသန်းနိုင်ခဲ့ပါတယ်။

This photo taken on Jan. 21, 2022 shows the flight of an ornithopter developed by Beihang University. Photo: Xinhua

တက္ကသိုလ်က မီဒီယာ တွေ့ဆုံပွဲမှာ ဂင်းနစ် ကမ္ဘာ့စံချိန် အသိအမှတ်ပြု လက်မှတ်ကို ပြသခဲ့ပါတယ်။ ဒရုန်းမှာ လစ်သီယမ် အိုင်းယွန်း ဘက်ထရီ တပ်ဆင်ထားပြီး အလေးချိန်က ၁.၆ ကီလိုဂရမ်နဲ့ တောင်ပံအရှည်က ၂ မီတာ ရှိပါတယ်။ ၁ စက္ကန့်ကို ၁၀ မီတာ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

This photo taken on Jan. 21, 2022 shows the flight of an ornithopter developed by Beihang University. Photo: Xinhua

တက္ကသိုလ်ရဲ့ Research Institute for Frontier Science နဲ့ တီထွင်သူ အဖွဲ့မှ သုတေသနပညာရှင် Zhao Longfei က “ အရင်တုန်းက ဒရုန်းတွေရဲ့ ပျံသန်းနိုင်တဲ့ အချိန်ဟာ နာရီဝက်လောက်ပဲ ရှိပြီး သမားရိုးကျ လေယာဉ်တွေထက် အများကြီး နည်းပါးပါတယ်။ အခု ကမ္ဘာ့ စံချိန်ဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ “ လို့ ပြောပါတယ်။

အရင်က စမ်းသပ်ပျံသန်းမှုတွေမှာ တရုတ်ရဲ့ ဒရုန်းဟာ ၅၃ မိနစ်ပဲ ပျံသန်းနိုင်ခဲ့ပါတယ်။ စွမ်းအင် စနစ်နဲ့ တောင်ပံတွေကို ပြင်ဆင်ပြီးနောက်မှာ စွမ်းဆောင်ရည်က တိုးတက်လာကာ အခုလို ကမ္ဘာ့ စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဒရုန်းရဲ့ တောင်ပံကို ငှက်၊ လင်းနို့နဲ့ အင်းဆက်တွေကို အခြေပြု တည်‌ဆောက်ထားတာပါ။ အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေးနဲ့ အာကာသယာဉ် တည်ဆောက်ရေးတို့လို သုတေသနလုပ်ငန်းတွေမှာ ဒရုန်းကို အသုံးပြုနိုင်မယ်လို့ Zhao က ပြောပါတယ်။

Ref : globaltimes